Connect with us

North America

ကယ်လီဖိုးနီးယား တောင်ပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွား ၊ ကလေးငယ် သုံးဦး အပါအဝင် လူ ငါးဦး သေဆုံး

အခင်းဖြစ်ပွားရာ နေရာ၌ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

လော့စ်အိန်ဂျလိစ် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်း၌ နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် လူနေအိမ် တစ်ခု ၌ သေနတ် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့ရာ ကလေးငယ် သုံးဦး အပါအဝင် မိသားစုဝင် ငါးဦး သေဆုံးသွားခဲ့ ကြောင်း ဒေသခံ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။သေနတ်သမားမှာ ပစ်ခတ်မှု အတွင်း သေဆုံးသွားကြောင်း ယုံကြည်ရသည်။

ဒေသတွင်း ထုတ်ဝေသည့် San Diego Union-Tribune သတင်းစာ၏ ဖော်ပြချက် အရ အဆိုပါ လူသတ်မှု ဖြစ်စဉ်မှာ အမေရိကန် – မက္ကဆီကို နယ်စပ်၏ မြောက်ပိုင်း ၃၅ ကီလိုမီတာ အကွာတွင် တည်ရှိသော Paradise Hill ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

၉၁၁ နံပါတ် အရေးပေါ် ဖုန်းခေါ်ဆိုမှုကို  ဒေသ စံတော်ချိန် နံနက် ၆ နာရီ ၄၉ မိနစ်တွင် လက်ခံရရှိခဲ့ကြောင်း နှင့် အခင်းဖြစ်နေရာသို့ ရောက်ရှိသွားချိန်တွင် လူအချို့ သေနတ်ဒဏ်ရာဖြင့် လဲကျနေသည်ကိုတွေ့ရှိခဲ့ရကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အခင်း ဖြစ်ပွားရာ နေအိမ် အတွင်း သုံးနှစ် အရွယ် ယောက်ျားလေး တစ်ဦး ၊ ၂၉ နှစ် အရွယ် အမျိုးသမီး တစ်ဦး နှင့် ၃၁ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးတို့ကို သေဆုံးလျက် ရှိနေသည်ကို တွေ့ရှိရပြီး ငါးနှစ် အရွယ် ယောက်ျားလေး တစ်ဦး နှင့် ကိုးနှစ် အရွယ် ယောက်ျားလေး တစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း သေဆုံးသွားသည်။အသက် ၁၁ နှစ် အရွယ် ယောက်ျားလေး တစ်ဦးမှာလည်း ဆေးရုံတင်ထားရပြီး နိုဝင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် ခွဲစိတ်ကုသမှုများ ပြုလုပ်နေကြောင်း သိရသည်။

ဆန်ဒီရာဂို ရဲစခန်းမှ Matt Dobbs ၏ ပြောကြားချက်ကို ကိုးကား၍ ကလေးငယ် လေးဦးနှင့် မိခင် တစ်ဦးတို့သည် ခြံဝင်း တစ်ခု အတွင်းရှိ အိမ်မကြီး တစ်လုံး၏ ဘေး အိမ်ငယ် တစ်လုံး၌ နေထိုင်ကြပြီး အဆိုပါ နေရာတွင် အခြား မိသားစုဝင်များ လည်း နေထိုင်ကြကြောင်း ၊ ယင်းခြံဝင်း အတွင်း လူဦးရေ မည်မျှ နေထိုင်ကြသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အခင်း ဖြစ်ပွားရာ နေအိမ်၌ သေနတ် တစ်လက်အား တွေ့ရှိခဲ့သော်လည်း သေနတ် အမျိုးအစား ၊ သေဆုံးသူများ၏ အမည် သို့မဟုတ် အသတ်ခံရခြင်း အကြောင်းကို ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.