ဝါရှင်တန်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ လူဦးရေ သုံးပုံ တစ်ပုံ သို့မဟုတ် ကလေးနှင့် အရွယ်ရောက်သူ နှစ် ဘီလီယံကျော်က အဝလွန်နေကြကြောင်း ဇွန်လ ၁၂ ရက်တွင် ထုတ်ပြန်လိုက်သည့် လေ့လာတွေ့ရှိချက်သစ် တစ်ရပ်အရ သိရသည်။
မက္ကဆီကို စီးတီး၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကို စီးတီးမြို့တွင် ဇွန်လ ၁၁ ရက်က ဘူတာရုံသို့ ဦးတည်မောင်းနှင်နေသည့် မြေအောက်ရထားတစ်စီးပေါ်မှ မက္ကဆီကိုအမျိုးသားတစ်ဦးသည် ရထားပြတင်းပေါက်မှ အပြင်သို့ ခေါင်းထုတ်ကြည့်မိရာ ပလက်ဖောင်းပေါ်ရှိ သတ္တု အတားအဆီးတစ်ခုနှင့် တိုက်မိပြီး သေဆုံးသွားခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြခဲ့သည်။
ချီကာဂို၊ ဇွန် ၈ ရက် (ဆင်ဟွာ) ချီကာဂို ရဲတပ်ဖွဲ့ သည် လူသတ်မှုတစ်ခု၌တရားခံအဖြစ် အပြစ်ပေးခံထားရသည့် လူသတ်သမားအား ဇွန်လ ၇ ရက်က လွတ်မြောက်ရန် ကြိုးစားမှုတစ်ခုတွင် နှိမ်နင်းနိုင်ခဲ့ပြီ ၎င်းအားကုသမှုပေးနေသည့် ဆေးရုံမှ ဓားစာခံ ၂ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၇ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တရားရေးဌာနက ထိပ်တန်းလျှို ့ဝှက်စာရွက်စာတမ်းတစ်ခုကို သတင်းမီဒီယာအား ပေးအပ်မှုဖြင့် အမျိုးသားလုံခြုံရေးအေဂျင်စီ( NSA) မှ ကန်ထရိုက်ဝန်ထမ်းတစ်ဦးကို ဇွန်လ ၅ ရက်တွင် တရားစွဲ အရေးယူလိုက်ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှ သံအမတ် David Rank က တာဝန်မှ နှုတ်ထွက်လိုက်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့ဇွန်လ ၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ရဲတပ်ဖွဲ့ က ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ အလုပ်ရုံတစ်ခုတွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့၍ လူ ၅ဦးသေဆုံးခဲ့ကြောင်း ဇွန် ၅ ရက် ကပြောကြားခဲ့သည်။
ဆန်ဖရန်စစ္စကို၊ ဇွန် ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အလက်စကာမြို့ Aleutian ကျွန်းများ၏ ကမ်းရိုးတန်း ပင်လယ်ပြင်ကို ဗဟိုပြုကာ အင်အား ၆.၉ ပြင်းအားရှိ ငလျင် တစ်ခု ဇွန်လ ၂ ရက်၊ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီ ၂၄ မိနစ်...
ဝါရှင်တန်၊ ဇွန် ၂ ရက် (ဆင်ဟွာ) ရာသီဥတုပြောင်းလဲခြင်း တိုက်ဖျက်ရန် သမိုင်းမှတ်တိုင် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်သော ပဲရစ် သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နုတ်ထွက်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဇွန် ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် နှင့် ၅ ဘလောက်အကွာ၌ တည်ရှိသော Trump နိုင်ငံတကာဟိုတယ်အနီးရပ်ထားသော ကားတစ်စီးတွင် ကျည်ဆံများ နှင့် သေနတ် ၂ လက်ကို ရှာဖွေတွေ့ရှိပြီးနောက် ယင်းဟိုတယ်တွင် တည်းခိုနေသည့် လူတစ်ဦးအား ဖမ်းဆီး...
လော့စ်အန်ဂျလိစ်၊ မေ ၃၁ ရက် (ဆင်ဟွာ) ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်လာနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် (ICBM) အား ကြားဖြတ်တားဆီးနိုင်ရန် ရည်ရွယ်သည့်စမ်းသပ်မှုတစ်ခု အဖြစ် မေလ ၃၀ ရက်နေ့လည်ပိုင်းတွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ဒုံးကျည်တစ်စင်းကိုပစ်လွှတ်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။