Connect with us

North America

အမေရိကန်က တရုတ်ကိုဦးတည်သည့် “၃၀၁ စုံစမ်းစစ်ဆေးခြင်း”နှင့် “အခွန်ကောက်ခံမှုအကြံပြုချက်” ထုတ်ပြန်ခြင်းကို အမေရိကန်ဆိုင်ရာ တရုတ်သံရုံးက အပြင်းအထန် အပြစ်တင်ရှုံ့ချ

အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးအား မြင်တွေ့ရစဉ်(ဓာတ်ပုံ- အင်တာနက်)

ဝါရှင်တန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ)

အမေရိကန်က လက်တွေ့အခြေအမြစ်လုံးဝမရှိဘဲ တရုတ်ကို ဦးတည်ဆောင်ရွက်သည့် “၃၀၁ စုံစမ်းစစ်ဆေး ခြင်း”နှင့် “အခွန်ကောက်ခံမှုအကြံပြုချက်” ထုတ်ပြန်ခြင်းကို အပြင်းအထန် အပြစ်တင်ရှုံ့ချကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။

အမေရိကန်ဤလုပ်ရပ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်ပြီး တစ်ဖက်သက် ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်သောဝါဒဖြစ်သောကြောင့် တရုတ်၊အမေရိကန် နှစ်နိုင်ငံလုံးအတွက် အကျိုးမရှိသည့်အပြင့် တစ်ကမ္ဘာလုံး၏အကျိုးစီးပွားကိုလည်း ထိခိုက်စေကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းများအား ၎င်းပြဿနာကို ဖြေရှင်းရန် အသိပေးပြောကြားထားပြီးဖြစ်သလို တရုတ်ကလည်း တရုတ်နိုင်ငံ၏သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အမေရိကန်ကုန်ပစ္စည်းများကို အလားတူ တပုံစံတည်း တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် အမေရိကန်အနေဖြင့် ရေရှည်ကိုမျှော်တွေး ပြီး လမ်းမှားဆက်မလျှောက်ရန် ၎င်းကြေညာချက်တွင် ပြောဆိုထားသည်။

အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးမှ ဧပြီ ၃ ရက်တွင် တရုတ်ကိုဦးတည်သည့် “၃၀၁ စုံစမ်းစစ်ဆေး ခြင်း”နှင့်အခွန်ကောက်ခံမည့်ကုန်ပစ္စည်း အကြံပြုချက်စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံမှ လုံးဝကန့်ကွက်ကြောင်း၊ ယခုရက်ပိုင်းများတွင် အမေရိကန်ကုန်ပစ္စည်းများကို လည်း အလားတူ တစ်ပုံစံတည်း တုံ့ပြန်ဆောင်ရွက်သွားမည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူက ပထမဦးစွာ ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.