ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်သည် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို အငြိမ်းစား ရေတပ်ဗိုလ်ချုပ်ကြီး ဂျိမ်းစ်မတ်တစ် (James Mattis ) အားခန့်အပ်သွားမည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်(OSU) ပရဝဏ်အတွင်း နိုဝင်ဘာလ ၂၈ ရက် က ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁ ဦးဒဏ်ရာရသွားကြောင်း နှင့် ဓားကိုင်တိုက်ခိုက်သူ ( သံသယတရားခံ) ကို သေနတ်ဖြင့် အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။
ချီကာဂို ၊ နိုဝင်ဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ် Louisville မြို့ရှိ Shawnee ပန်းခြံ၌ နိုဝင်ဘာလ ၂၄ ရက်( ကျေးဇူးတော်နေ့) တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားကြောင်း သိရသည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအဖြစ် ဒေါ်နယ်ထရမ့် အုပ်ချုပ်မည့် အစိုးရသက်တမ်းအတွင်း ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် သမ္မတရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ ဟီလာရီ၏ ကိုယ်ပိုင်အီးမေလ်းဆာဗာအသုံးပြုခဲ့သည့် ကိစ္စရပ်အပေါ် ဖော်ထုတ်စစ်ဆေးမှုများ ပြုလုပ်သွားမည်မဟုတ်ကြောင်း ထရမ့်၏ ထိပ်တန်းလက်ထောက်တစ်ဦးက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတအိုဘားမားက ဘက်စ်ကတ်ဘော ချန်ပီယံ(ဟောင်း)များဖြစ်ကြသော မိုက်ကယ်ဂျော်ဒန် နှင့် Kareem Abdul-Jabbar တို့နှစ်ဦးအပါအဝင် လူပုဂ္ဂိုလ် ၂၁ ဦးအား သမ္မတ၏ လွတ်လပ်ခြင်းဆုတံဆိပ်ကို အိမ်ဖြူတော်၌ နိုဝင်ဘာလ ၂၂ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ တန်နက်စ်စီ(Tennessee) ပြည်နယ်၌ နိုဝင်ဘာလ ၂၁ ရက်က ကျောင်းကြိုယာဉ်တစ်စီးသည် လမ်းဘေးသစ်ပင်အား ဝင်တိုက်ခဲ့ပြီးနောက် တိမ်းမှောက်သွားခဲ့ရာ အနည်းဆုံးကလေးငယ် ၆ ဦးသေဆုံးပြီး ၂၃ ဦးကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတ အဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရသော ဒေါ်နယ်ထရမ့်က ၎င်းရုံးတက်သည့် ပထမဦးဆုံးနေ့တွင် (TPP) Trans-Pacific ပူးပေါင်းဆောင်ရွက်မှုအဖွဲ့မှ နှုတ်ထွက်ခြင်းကို ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၁ ရက်က ထုတ်ဖော်ကြေညာလိုက်သည်။
ဝါရှင်တန်၊နိုဝင်ဘာ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး James Clapper သည် ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလတွင် ရာထူးမှ အနားယူမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၁၇ ရက်က ကြေညာခဲ့သည်။
မက္ကဆီကို စီးတီ၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံရှိ ကမ္ဘာ့အဝဆုံး အမျိုးသားသည် ၎င်း၏ ခန္ဓာကိုယ် အလေးချိန်အား လျှော့ချရန် ကုသမှု ခံယူနေပြီ် ဖြစ်ကြောင်း ဒေသခံ မီဒီယာက နိုဝင်ဘာလ ၁၆ ရက်က သတင်းတင်ပြထားသည်။
ဟူစတန်၊နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံအော့ကလန်ဟိုးမားပြည်နယ်မြို့တော် အော့ကလန်ဟိုးမားမြို့Will Rogers လေဆိပ်စြင်္ကန်အနီး၌ နိုဝင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးသွားကြောင်း သိရသည်။