Connect with us

North America

ဟို့စ်တန်တွင် သေနတ်ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံး

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟို့စ်တန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟို့စ်တန်မြို့ အနောက်မြောက်ဘက်တွင် ဒီဇင်ဘာလ ၈ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဒီဇင်ဘာလ ၈ ရက် ညနေပိုင်းက ဖုန်းခေါ်ဆိုမှု ရရှိခဲ့သဖြင့် သွားရောက်ခဲ့ရာ နေအိမ်အတွင်း လူ ၃ ဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဟို့စ်တန်ရှိ ဟာရစ်နယ်မြေ ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

စုံစမ်းသိရသရွေ့ ထို လူ ၃ ဦးမှာ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း၊ အခင်းဖြစ်ပွားရာနေရာမှ ၁၉၉၈ ခုနှစ်မော်ဒယ်ဟု ယူဆရသော အနီရောင် Acura ကား တစ်စီး ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။အခင်းဖြစ်ပွားသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)