Connect with us

North America

အမေရိကန် နိုင်ငံ နယူးယောက် မြို့ Manhattan တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး ဒဏ်ရာရရှိ

အမေရိကန် နိုင်ငံ နယူးယောက် မြို့ Manhattan တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ပြီးနောက် ရဲတပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးယောက် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ နယူးယောက် မြို့ Manhattan တွင် ဒီဇင်ဘာ ၁၁ ရက်နေ့၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး နယူးယောက် မြို့တော်ဝန် Bill de Blasio က ယခု ဖြစ်ပွား ခဲ့သည့် ဗုံးပေါက်ကွဲမှု သည် မအောင်မြင်သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ခု ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နယူးယောက်မြို့ ရဲတပ်ဖွဲ့ က ပေါက်ကွဲမှု ဖြစ်ပွား ချိန်သည် နံနက်ပိုင်း လူစည်ကားချိန်တွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး Manhattan ၄၂ လမ်း အမှတ် (၈) လမ်းမကြီး၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

နယူးယေက်မြို့ ရဲတပ်ဖွဲ့ ဌာနမှူး က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက်ပိုင်း ၇ နာရီ ၂၀ မိနစ် အချိန်ခန့်တွင် အသက် ၂၇ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦး က မြေအောက်ရထားဂိတ် တစ်ခု ရှိလူသွားလမ်း၌ လမ်းလျှောက်နေစဉ် ခန္ဓာကိုယ် ပေါ်၌ တပ်ဆင်ထားသော ပေါက်ကွဲ စေသည့် ကိရိယာ များ ပေါက်ကွဲမှု ဖြစ်ပွား ခဲ့ကြောင်း ၊ ပေါက်ကွဲ စေသည့် ပစ္စည်းများ မှာ နည်းပညာ အားဖြင့် နိမ့်ပါးသည့် လက်လုပ်ဗုံးများ ဖြစ်ပြီး ပေါက်ကွဲမှု ကြောင့် အနီးပတ်ဝန်းကျင်ရှိ အခြား ၃ ဦးကိုပါ ဒဏ်ရာရရှိစေခဲ့ကာ လက်ရှိချိန်တွင် အခြားဒဏ်ရာရရှိသူများမှာ စိုးရိမ်ဖွယ် မရှိကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံ နယူးယောက် မြို့ Manhattan တွင် အောက်တိုဘာ ၃၁ ရက်နေ့၌လည်း ကုန်တင်ကား ဖြင့် လူများအား လိုက်တိုက်သည့် အမှု ဖြစ်ပွား ခဲ့ပြီး ၈ ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.