Connect with us

North America

အမေရိကန်တွင် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းပေါက်ကွဲမှုကြောင့် လူ ၂ဦးသေဆုံး

အမေရိကန်နိုင်ငံ အလယ်ပိုင်း Illinois ပြည်နယ် တွင် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်ခု ပေါက်ကွဲမှုဖြစ်ပွားစဉ် (ဓါတ်ပုံ-အင်တာနက်)

ချီကာဂို၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလယ်ပိုင်း Illinois ပြည်နယ် တွင် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းတစ်ခုပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၂ဦးသေဆုံးပြီး အခြားလူ ၂ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက ဒီဇင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

ချီကာဂိုမြို့ အနောက်ဘက် ၁၆၀ကီလိုမီတာ အကွာခန့် လီစီရင်စု အတွင်းရှိ လယ်ကွင်းတစ်ခုတွင် လယ်သမားများက နွံနစ်နေသည့် လယ်ထွန်စက်တစ်စီးအား ဆွဲတင်ရန် ကြိုးစားနေစဉ် မြေအောက်ရှိ ဓါတ်ငွေ့ပိုက်လိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း လီစီရင်စု Sheriff John Simonton ကပြောကြားခဲ့သည်။လူ၂ဦးမှာ မတော်တဆမှုဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ ၂ဦးအနက် တစ်ဦးမှာ ဒဏ်ရာပြင်းထန်သော်လည်း အခြေအနေတည်ငြိမ်လာပြီဖြစ်ကြောင်း နှင့် အခြားတစ်ဦးမှာ အခြေအနေကောင်းမွန်ကြောင်း Simonton ကပြောကြားခဲ့သည်။

ယင်းဓါတ်ငွေ့ပိုက်လိုင်းများအားပိုင်ဆိုင်သည့် စွမ်းအင်ကုမ္ပဏီ၏ ပြောကြားချက်အရ ပေါက်ကွဲမှုဖြစ်ပွားသော ဓါတ်ငွေ့ပိုက်လိုင်းသည် ၅၀စင်တီမီတာ အကျယ်ရှိပြီး နိုင်ငံတစ်လျှောက်ဓါတ်ငွေ့ဖြန့်ဖြူးပေးနေသော ပိုက်လိုင်းတစ်ခုဖြစ်ကာ ယင်းပိုက်လိုင်းအား များသောအားဖြင့် မြေအောက် အနက် ၁.၂ မီတာ မှ ၁.၅ မီတာ တွင် မြှုပ်ထားလေ့ရှိကြောင်း သိရသည်။ယင်းမတော်တဆမှုအား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)