Connect with us

North America

အမေရိကန် နိုင်ငံ က ကုလသမဂ္ဂ ၏ ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက် မှ နုတ်ထွက်

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး တေလာဆန် အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံ အနေဖြင့် ရှေ့ဆက် ၍ ကုလသမဂ္ဂ ဦးဆောင်သည့် “ကမ္ဘာလုံးဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှု သဘောတူညီချက်” တွင် ပါဝင်သော သတ်မှတ်ချက်များကို လိုက်နာဆောင်သွားတော့မည် မဟုတ်ကြောင်း အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ဒီဇင်ဘာ ၃ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး တေလာဆန် က ဒီဇင်ဘာ ၃ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်တွင် ကုလသမဂ္ဂ ၏ သဘောတူညီချက်သည် အမေရိကန် နိုင်ငံ ၏ အချုပ်အခြာအာဏာ ကို ထိခိုက်စေပြီး အမေရိကန် နိုင်ငံ အနေဖြင့် နိုင်ငံ၏ နိုင်ငံသား ခံယူမှု ဥပဒေ နှင့် နယ်စပ်လုံခြုံရေး ကို ထိခိုက်စေသော ဆောင်ရွက်မှုများကို ထောက်ခံပေးမည် မဟုတ်ကြောင်း ပါဝင်ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် တေလာဆန် က အိုဘာမား အစိုးရ ၏ နယူးယောက် ကြေညာချက် ကို မထောက်ခံကြောင်း ၊ ယင်း ကြေညာချက်သည် အမေရိကန် နိုင်ငံ ၏ ဥပဒေ ၊ မူဝါဒ နှင့် ကိုက်ညီမှု မရှိကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် နိုင်ငံသား ခံယူမှု အရေး တွင် နိုင်ငံတကာ နှင့် ပူးပေါင်းဆောင်ရွက်သွားရန် ထောက်ခံသော်လည်း အမေရိကန် နိုင်ငံ ၏ လုံခြုံရေး ၊ အစီအစဉ် တကျဖြစ်ရေး နှင့် တရားဝင်ရေး ကို အဓိက ဦးစား ပေးသွားမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ကုလသမဂ္ဂ ညီလာခံ ဥက္ကဋ္ဌ Miroslav Lajčák က အမေရိကန် နိုင်ငံ ၏ ဆုံးဖြတ်ချက် နှင့် ပတ်သက်၍ ဝမ်းနည်းမိကြောင်း ၊ အမေရိကန် နိုင်ငံ က သဘောတူညီချက် မှ နုတ်ထွက်ခဲ့သော်လည်း ကုလသမဂ္ဂ အနေဖြင့် သဘောတူညီချက် ကို ဆက်လက်၍ အကောင်အထည် ဖော်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.