Connect with us

North America

မြောက်ကိုရီးယားနှင့်စစ်ပွဲဆင်နွှဲရန် ဖြစ်နိုင်ခြေ ပိုမိုတိုးမြင့်လာနေကြောင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးပြော

အမေရိကန်နိုင်ငံ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Mc Master အားတွေ့ ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဒီဇင်ဘာ ၃ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံက နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသတ်ပစ်လွှတ်ခဲ့ပြီးနောက် မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ပွဲဆင်နွှဲသွားရန် ဖြစ်နိုင်ခြေ “ နေ့စဉ် ပိုမိုတိုးမြင့်လာနေကြောင်း” အမေရိကန်နိုင်ငံသမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး H.R. McMaster က ဒီဇင်ဘာ ၂ ရက်တွင် ပြောကြားလိုက်သည်။

“ ဒါတွေက ဖြစ်နိုင်ခြေတွေ နေ့တိုင်းတိုးမြင့်လာနေတယ်လို့ကျွန်တော်ထင်ပါတယ်။ အဓိပ္ပါယ်က ပြဿနာကို ဖြေရှင်းဖို့ပြေးပွဲတစ်ခုထဲမှာ ကျွန်တော်တို့ရောက်ရှိနေပါတယ်။တကယ်ပါ။ ကျွန်တော်တို့ပြေးပွဲထဲမှာပါ” ဟု ကယ်လီဖိုးနီးယား၌ ပြုလုပ်သော Reagan National Defense ဆွေးနွေးပွဲတွင် အမေရိကန်ပြည်ထောင်စု အကြီးတန်းလုံခြုံရေးအရာရှိတစ်ဦးက မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံက တာဝေးတိုက်ချင်းပစ်ဒုံးကျည်(ICBM) အသစ်တစ်စင်းကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် McMaster ၏ မှတ်ချက်စကားထွက်ပေါ်လာခြင်း ဖြစ်သည်။၎င်းဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို ကမ္ဘာ့နိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများစွာက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်နိုင်ငံအား ကြီးမားသော ခြိမ်းခြောက်မှုကို လုပ်ဆောင်လျက်ရှိကြောင်း McMaster က ပြောကြားခဲ့ပြီး ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယားကင်းစင်ရေးကို အပြည့်အဝဖော်ဆောင်ရန် သမ္မတဒေါ်နယ်ထရမ့်အနေဖြင့် လုပ်ဆောင်စရာများ ကျန်နေသေးကြောင်း၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုပါကိစ္စရပ်အပေါ် စစ်ရေးမဟုတ်သော နည်းလမ်းများဖြင့် အဖြေရှာရန်ကိုလည်း အမျိုးသားလုံခြုံရေးအကြံပေးက သတိပေးပြောကြားခဲ့သည်။အမေရိကန်နိုင်ငံက မြောက်ကိုရီးယားနိုင်ငံအား “ အကြမ်းဖက်မှု ထောက်ခံအားပေးသောနိုင်ငံ” အဖြစ် သတ်မှတ်ခေါ်ဆိုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ခဲ့ပြီးနောက်တွင် မြောက်ကိုရီးယားနိုင်ငံ၏ နောက်ဆုံးအကြိမ် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။(Xinhua)