North America
အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်၌ လေယာဉ်ငယ်ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံး

ဟူစတန် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)
အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့အနီး၌ ဇွန် ၃ဝ ရက် နံနက်ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးသွားကြောင်း သိရသည်။
၎င်းလေယာဉ်ငယ်သည် ဒါးလက်စ်မြို့လယ်ခေါင်မှ မြောက်ဘက် ၂၅ကီလိုမီတာအကွာ၌ တည်ရှိသော Addison လေဆိပ်တွင် ပျက်ကျမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
ဒေသစံတော်ချိန် နံနက် ၉ နာရီ ၁ဝ မိနစ်တွင် လေယာဉ်ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းလေယာဉ်ငယ်ပေါ်လိုက်ပါလာသူ ၁ဝ ဦးစလုံး သေဆုံးသွားကြောင်း Addison မြို့ ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Mary Rosenbleeth က ဆိုသည်။(Xinhua)