ဝါရှင်တန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံတစ်ဝန်း အောက်တိုဘာ ၁၅ ရက်အထိ e-cigarettee မှထွက်လာသော အငွေ့များ ရှူရှိုက်ခြင်းနှင့် ဆက်စပ်သော အဆုတ်ဒဏ်ဖြစ်မှု ၁,၄၇၉ ခုရှိကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
နိုင်ရိုဘီ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ တာဝန်ယူတည်ဆောက်ပေးသော ကင်ညာနိုင်ငံ နိုင်ရိုဘီ-မာလားဘာ SGR ရထားလမ်း (Nairobi- Malaba Standard Gauge Railway) ပထမအပိုင်းကို အောက်တိုဘာ ၁၆ ရက်တွင် တရားဝင် စတင် ဖွင့်လှစ် ပြေးဆွဲပြီဖြစ်ကြောင်း သိရသည်။ ရထားလမ်းဖွင့်ပွဲအခမ်းအနားကို ကင်ညာနိုင်ငံ...
ဘန်ကောက်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘုရင် မဟာဗာဂျီရယ်လောင်ကွန်း (Maha Vajiralongkorn) သည် အိတ်ချ်တီအမ်အက်စ် ဘူမိဘော အဒူလျာဒတ် (HTMS Bhumibol Adulyadej) ဟု အမည်ပေးထားသည့် အသစ်တည်ဆောက်ထားသော ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းအား အောက်တိုဘာ ၁၆ ရက်တွင် အခမ်းအနားဖြင့် ရေချခဲ့ကြောင်း...
ဒမက်စကပ်စ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်း တူရကီနိုင်ငံနယ်စပ်အနီး ကာ့ဒ်များ တပ်စွဲထားရာ အထင်ကရ အရေးပါသောမြို့တစ်ခုဖြစ်သော Ayn al-Arab မြို့အတွင်းသို့ အောက်တိုဘာ ၁၆ ရက်က ဆီးရီးယားစစ်တပ် ဝင်ရောက်လာခဲ့ကြောင်း နိုင်ငံပိုင် SANA သတင်းအေဂျင်စီ ဖော်ပြချက်အရ သိရသည်။
မနီလာ ၊ အောက်တိုဘာ ၁၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်း(Mindanao) အနီးတစ်ဝိုက်တွင် အောက်တိုဘာ ၁၆ ရက် ညပိုင်းက ပြင်းအား ၆.၃ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်စဉ် အဆောက်အဉီနံရံပြိုကျပြီး ပိမိရာမှ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဉီး သေဆုံးသွားကြောင်း ဒေသဆိုင်ရာ အရာရှိတစ်ဉီးက ဆိုသည်။
ဘေရွတ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) လက်ဘနွန်နိုင်ငံမြို့တော်ဘေရွတ်၏ အရှေ့တောင်ဘက်ရှိ Chouf တောင်တန်းဒေသတွင် အောက်တိုဘာ ၁၄ ရက် က တောမီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
အန်ကာရာ၊အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံရှိ ကာဒ့်တိုက်ခိုက်ရေးသမားများနှင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရန် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်၏ အဆိုပြုချက်အပေါ် တူရကီနိုင်ငံသမ္မတအာဒိုဂန်က အောက်တိုဘာ ၁၅ ရက် ညနေပိုင်းတွင် ငြင်းပယ်လိုက်ကြောင်း၊ သို့သော် အမေရိကန်နိုင်ငံနှင့်ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဘာလင် ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမဏီနိုင်ငံ၏ မြို့တော် ဘာလင်တွင် အောက်တိုဘာ ၁၄ ရက် က တရုတ် – ဂျာမန် သိပ္ပံနှင့်နည်းပညာဆန်း သစ်တီထွင်မှုပူးပေါင်းဆောင်ရွက်ရေးညီလာခံကို ကျင်းပခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် ကတူရကီနိုင်ငံက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင် ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအနေဖြင့် တူရကီ၏လက်ရှိနှင့်ယခင် အရာရှိကြီးများအပေါ်တွင် ပိတ် ဆို့မှုပြုသည့်အမိန့်တစ်ရပ်ကို မကြာမီထုတ်ပြန်သွားမည်ဟု အောက်တိုဘာလ ၁၄ ရက်ကပြောကြားခဲ့ ကြောင်းသိရပါသည်။
ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ နီပေါနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး က အောက်တိုဘာလ ၁၃ ရက်တွင်ပြီးဆုံးခဲ့ပြီဖြစ်သည်။အဆိုပါချစ်ကြည်ရေးခရီးစဉ်က နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံမှုများကို စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဆိုရပေမည်။