Connect with us

Africa & Middle East

အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွား လူ ၂၃ ဦးသေဆုံး 

အီဂျစ်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကိုင်ရို၊ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

အီဂျစ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဒီဇင်ဘာ ၂၈ ရက်က ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ လူ ၂၃ ဦး သေဆုံးပြီး ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ  ဆတ်ဆိပ်ကမ်း(Said Port)မှ ဒါမီထာ(Damietta)သို့ သွားရာ အဝေးပြေးလမ် တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အလုပ်သမားများ တင်ဆောင်လာသောဘတ်စ်ကားနှင့် ထရက်ကားတို့တိုက်မိရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီးလူ ၂၃ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရသူများအား ဆေးကုသရန် ဆေးရုံသို့ ပို့ဆောင်ပြီးဖြစ်ကြောင်းနှင့်အချင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။ ယာဉ်သွားလမ်းများနှစ်ရှည်လများ ပြင်ဆင်မှုမရှိခြင်း ၊ ယာဉ်မောင်း၏ လုံခြုံရေးအသိနည်းခြင်းစသည့်အကြောင်းရင်းများကြောင့် အီဂျစ်နိုင်ငံတွင် ယာဉ်မတော်တဆမှုများမကြာခဏဖြစ်ပွားလေ့ရှိရာ နှစ်စဉ်သေဆုံးသူ ထောင်နှင့်ချီ ရှိကြောင်း သိရသည်။ (Xinhua)