Connect with us

Africa & Middle East

ဆိုမာလီယာနိုင်ငံ မြို့တော်၌ အသေခံဗုံးခွဲမှုဖြစ်ပွား လူ ၇၉ ဦးသေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာရ

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့တော်၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော အသေခံကားဗုံးခွဲတိုက်ခိုက်မှုအတွင်း လူပေါင်း ၇၉ ဦးသေဆုံးပြီး ၁၄၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အစိုးရအရာရှိတစ်ဦးက အတည်ပြုခဲ့သည်။

ဆိုမာလီယာအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ Ismael Mukhtar Omar က မိုဂါဒစ်ရှူးမြို့အပြင် Afgoye လမ်းမပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခု၌ ဖြစ်ပွားသော အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ကြောင်း ဆိုသည်။“ သေဆုံးသူ ၇၉ ဦးနဲ့ ဒဏ်ရာရသူ ၁၄၉ ဦး ရှိသွားပါပြီ ။ ဆိုမာလီယာဝန်ကြီးချုပ် Hassan Ali Khaire က ခန့်အပ်တာဝန်ပေးထားတဲ့ ကော်မရှင်တစ်ခုဟာ ဆေးရုံကိုသွားရောက်ပြီး ဒဏ်ရာရသူတွေကို ကြည့်ရှုနေပါတယ်။ ဒီလိုအကြမ်းဖက်တိုက်ခိုက်မှုမျိုးကို အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု Omar က ဆင်ဟွာသို့ပြောကြားခဲ့သည်။

 ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

 ဆိုမာလီယာနိုင်ငံ မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင် ဖြစ်ပွားသော ဗုံးခွဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူများအား ကယ်ဆယ်ရေးဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဆိုမာလီယာနိုင်ငံသမ္မတ Mohamed Abdullahi Farmajo နှင့် ကမာ္ဘ့ကုလသမဂ္ဂအဖွဲ့က တိုက်ခိုက်မှုအပေါ်ရှုတ်ချကြောင်း ဒီဇင်ဘာ ၂၈ ရက် အစောပိုင်းတွင် ကြေညာခဲ့သည်။သမ္မတ Farmajo ကသေဆုံးသူများအတွက် ဝမ်းနည်းကြေကွဲကြောင်း နှင့် ဒဏ်ရာရသူများအတွက် အမြန်ဆုံးပြန်လည် နလံထူနိုင်ရန် ဆုမွန်ကောင်းတောင်းပါကြောင်း ဆိုခဲ့သည်။ အကြမ်းဖက်သမားများက  အပြစ်မဲ့ကလေးငယ်များ ၊ မိခင်များ နှင့် ဖခင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ၎င်းကဆိုသည်။သေဆုံးသူများထဲတွင် လမ်းတည်ဆောက်ရေးလုပ်ကိုင်နေသော နိုင်ငံခြားသားများလည်း ပါဝင်ကြောင်း သတင်းအရင်းအမြစ်က ဆိုသည်။ ထို့ပြင် မီနီဘန်ကားတစ်စီးဖြင့် ခရီးသွားနေကြသည့် Banadir တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ကြောင်းလည်း သတင်းအရင်းအမြစ်များစွာက ဆိုကြသည်။

တိုက်ခိုက်မှုအပေါ် မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။သို့သော် al-Shabab စစ်သွေးကြွအဖွဲ့သည် ယခင်က အလားတူ တိုက်ခိုက်မှုမျိုး ကျူးလွန်ခဲ့ဖူးကြောင်း သိရသည်။မိုဂါဒစ်ရှူးမြို့၌ ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော ထရက်ကားဗုံးခွဲတိုက်ခိုက်မှုအတွင်း  လူပေါင်း ၅၀၀ ကျော်သေဆုံးပြီး အခြား ၃၀၀ ကျော် ဒဏ်ရာရသည့်ဖြစ်စဉ်မှာ နိုင်ငံအတွင်း လူသေဆုံးမှုအများဆုံး ဖြစ်ခဲ့ရသည့် တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117