Connect with us

Eastern Europe

ရုရှားက ၂၀၁၉ ခုနှစ်တွင် စစ်လက်နက် နှင့် ကာကွယ်ရေး အစီအစဉ်များအတွက် ဒေါ်လာ၂၄ ဘီလီယံကျော်သုံးစွဲခဲ့

ရုရှားနိုင်ငံမော်စကိုမြို့၌ ပြုလုပ်သော စစ်ရေးပြအခမ်းအနားတစ်ခုတွင် ခေတ်မီဒုံးကျည်များ ပါဝင်ပြသစဉ်(ဆင်ဟွာ)

မော်စကို ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနသည် စစ်လက်နက်များ နှင့် နိုင်ငံတော် ကာကွယ်ရေး အစီအစဉ်များအတွက် ယခုနှစ်တွင်  ရူဗယ် ၁ဒသမ၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၄ ဒသမ၂ ဘီလီယံ) သုံးစွဲခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Aleksey Krivoruchko ၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းသတင်းစာက ဒီဇင်ဘာ ၂၈ ရက်တွင် ဖော်ပြခဲ့သည်။

အဆိုပါငွေများကို အနာဂတ်ကာလ ရုရှားစစ်တပ်၏ စစ်လက်နက်များခေတ်မီတိုးတက်စေရန်အတွက် ရည်ရွယ်အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်သတင်းစာ Krasnaya Zvezda နှင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဒုတိယဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။“ တပ်ဖွဲ့ဝင်တွေရဲ့ အသုံးဆောင်တွေ အရည်အသွေးပြည့်မီဖို့ ၊ ခေတ်မီစစ်လက်နက်တွေနဲ့ ကိရိယာတန်ဆာတွေ ပိုင်ဆိုင်ဖို့အတွက် ရရှိလာတဲ့ ဘက်ဂျက်ငွေရဲ့ ၆၈ ရာခိုင်နှုန်းကို (high-tech) နည်းပညာမြင့်မော်ဒယ်တွေကို ဝယ်ယူသုံးစွဲခဲ့ပါတယ် ” ဟု ၎င်းက ဆိုသည်။ဒုတိယဝန်ကြီးက ရုရှားစစ်တပ်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း နောက်ဆုံးပေါ်စစ်လက်နက်များ နှင့် စစ်ဘက်အသုံးအဆောင်များ ပိုင်ဆိုင်ခွင့်ရခဲ့သည်မှာ မျက်မြင်ပင်ဖြစ်ကြောင်း နှင့် ယင်းမှာ ရုရှားနိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို အဆင့်မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)