ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ မြောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်တွင် စက်တင်ဘာလ ၁၀ ရက်၌ Apple Inc. က iPhone 11 နှင့် iPhone 11 Pro, iPads, Apple Watch 5 Series နှင့်...
ဘဂ္ဂဒတ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အီရတ်နိုင်ငံ ဘဂ္ဂဒတ်မြို့တောင်ပိုင်းရှိ ရှီယိုက်ဘာသာဝင်တို့၏ အထွဋ်အမြတ် ကာဘလာမြို့(Karbala)၌ လူအုပ်ပိမိမှုတစ်ခုအတွင်း စက်တင်ဘာ ၁ဝ ရက်တွင် အနည်းဆုံး ရှီယိုက်ဘုရားဖူး ၃၁ ဦးသေဆုံးပြီး အခြား ၁ဝဝ ကျော်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း အီရတ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ကဘူးလ် ၊ စက်တင်ဘာ ၁၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ရှိ အမေရိကန်သံရုံးအနီးတွင် ယနေ့( စက်တင်ဘာ ၁၁ ရက် ) နံနက်အစောပိုင်းတွင် အလွန်ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သတင်းအရင်းအမြစ်များအရ သိရသည်။
ဝါရှင်တန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု တောင်ပိုင်းနယ်နိမိတ် တွင် သြဂုတ်လအတွင်း ၌ လူ၆၄,၀၀၀ အား ဖမ်းဆီးခြင်း သို့မဟုတ် နိုင်ငံအတွင်းဝင်ခွင့်မပြုခြင်း ဆောင်ရွက်ခဲ့ပြီး သုံးလဆက်တိုက်ကျဆင်းမှုဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်တွင် မီးခိုးမြူများ ဖြစ်ပွားနေခြင်းကြောင့် လေထုအရည်အသွေးမှာ ဆက်လက်ဆိုးရွားနေသဖြင့် စာသင်ကျောင်းများ ပိတ်ခဲ့ရကြောင်း ပြည်နယ် ပညာရေးဌာနက စက်တင်ဘာလ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
ခတ္တမန္ဒူ ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) နီပေါနိုင်ငံ ဝန်ကြီးချုပ် KP Sharma Oliသည် စက်တင်ဘာ ၉ ရက်က ခတ္တမန္ဒူမြို့ရှိ ဝန်ကြီးချုပ်ရုံး တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြုံယမ်း၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံနှင့် စက်တင်ဘာလကုန်ပိုင်းတွင် တွေ့ဆုံရန် မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး Choe Son Hui က အဆိုပြုခဲ့ကြောင်း စက်တင်ဘာလ ၉ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
အန်ဆာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) အီတလီနိုင်ငံ တောင်ပိုင်း ကော့ဆန်ဇာမြို့အနီး ကာရီယာတီမြို့တွင် နှစ်ခြင်းမင်္ဂလာခံယူပွဲတစ်ခု၌ အသက် ၃၄ နှစ်အရွယ် လူတစ်ဦးအား အမျိုးသားတစ်ဦးက ဓားဖြင့်ထိုးခဲ့မှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်းအရင်းအမြစ်များက စက်တင်ဘာ ၉ ရက်က ပြောကြားသည်။
ရီယိုဒီဂျနေးရိုး ၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘရာဇီး နိုင်ငံ နှင့် အာဂျင်တီးနား နိုင်ငံတို့သည် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် ၂၀၂၉ ခုနှစ် နောက်ဆုံးထား၍ လွတ်လပ်စွာ ကုန်သွယ်ခွင့် ရှိစေရန် သဘောတူညီချက် တစ်ရပ်အား စက်တင်ဘာ ၆ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ရာဘတ်၊ စက်တင်ဘာ ၁၀ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံတွင် လူ ဒါဇင်နှင့်ချီတင်ဆောင်လာသည့် ခရီးသည်တင်ယာဉ်တစ်စီးသည် ရေစီးချောင်းထဲမျောပါမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၇ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မော်ရိုကိုအစိုးရ သတင်းမီဒီယာ၏ စက်တင်ဘာ ၉ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရသိရသည်။