Connect with us

North America

အမေရိကန် နိုင်ငံ တွင် နိုင်ငံသား အခွင့်အရေး နှင့် နိုင်ငံရေး အခွင့်အရေး တို့ က အမှန်တကယ် မရရှိ နိုင်တော့ကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ အရ သိရှိရ

အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ တွင် ပိုစတာ ကိုင်ဆောင်၍ ဆန္ဒပြနေသူ တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ၏ မတ်လ ၁၃ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သော “၂၀၁၉ ခုနှစ် အမေရိကန် နိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” အရ အမေရိကန် နိုင်ငံ ၏ လွတ်လပ်စွာ သေနတ်ကိုင်ဆောင်ခွင့် အပေါ် ထိန်းချုပ်မှု အားနည်းသောကြောင့် အကြမ်းဖက်မှု များစွာ ဖြစ်ပွား ခဲ့ပြီး အမေရိကန် ပြည်သူလူထု တို့ ၏ အသက်အိုးအိမ် စည်းစိမ် အပေါ် ဆိုးရွားစွာ ခြိမ်းခြောက်မှု ဖြစ်ပွားစေခဲ့ကြောင်း ၊  နိုင်ငံရေး နယ်ပယ်သည်လည်း တစ်နေ့တစ်ခြား ငွေကြေး နိုင်ငံရေး အဖြစ် သို့ ပြောင်းလဲလာပြီး ပြည်သူ့သဘောထား မှာလည်း မှန်ကန်မှု မရှိကာ ဒီမိုကရေစီ ရွေးကောက်ပွဲ ကိုလည်း လူချမ်းသာ များ ၏ နိုင်ငံရေး ကစားပွဲ အဖြစ် သို့ ရောက်ရှိလာစေခဲ့ကြောင်း သိရှိရသည်။

အစီရင်ခံစာတွင် အမေရိကန် နိုင်ငံ FBI ၏ ၂၀၁၉ ခုနှစ် တွင် ကြေညာခဲ့သော “၂၀၁၈ ခုနှစ် အမေရိကန် နိုင်ငံ ပြစ်မှု အစီရင်ခံစာ” တွင် ၂၀၁၈ ခုနှစ် တွင် အမေရိကန် နိုင်ငံ ၌ အကြမ်းဖက် တိုက်ခိုက်သည့် ပြစ်မှုပေါင်း ၁,၂၀၆,၈၃၆ ခု ဖြစ်ပွား ခဲ့ပြီး ငွေကြေးဆိုင်ရာ ပြစ်မှုပေါင်း ၇,၁၉၆,၀၄၅ ခု ဖြစ်ပွား ခဲ့ကာ ပြစ်မှုကျူးလွန်ခြင်း ခံခဲ့ရသော နစ်နာသူများ က စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၆.၄ ဘီလီယံ ဆုံးရှုံးနစ်နာမှု ဖြစ်ပွား ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ တွင် နိုင်ငံရေး အရ အကာအကွယ်ပေးမှု ကြောင့် နိုင်ငံအတွင်း သေနတ်များက လွန်စွာ ပေါများနေပြီး အကြီးစား သေနတ်ဖြင့် တိုက်ခိုက်မှုများ ကလည်း မကြာခဏ ဖြစ်ပွား နေကာ ၂၀၁၉ ခုနှစ် တွင် လူပေါင်း ၃၉,၀၅၂ ဦး က သေနတ် နှင့် ပစ်ခတ်သည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် အစီရင်ခံစာ အရ အမေရိကန် နိုင်ငံ နိုင်ငံရေး ရွေးကောက်ပွဲ က ငွေကြေးချမ်းသာသူ များ ၏ ငွေကြေးကစားပွဲ အဖြစ် သို့ ရောက်ရှိသွားခဲ့ပြီး ၂၀၁၈ ခုနှစ် အမေရိကန် ကြားဖြက်ရွေးကောက်ပွဲ တွင် အသုံးပြုခဲ့သည့် ငွေကြေးက အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံ အထိ ရှိကာ အမေရိကန် သမိုင်း တစ်လျှောက် ဈေးနှုန်းအကြီးမားဆုံးသော ရွေးကောက်ပွဲ တစ်ခု ဖြစ်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင် ၏ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ထုတ်ပြန်ချက် အရ ၂၀၂၀ ပြည့်နှစ် အမေရိကန် သမ္မတ ရွေးကောက်ပွဲ တွင် ပါဝင် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်များ ရွေးကောက်ပွဲ ရန်ပုံငွေ အဖြစ် လျာထားသည့် ငွေကြေး က အမေရိကန် ဒေါ်လာ ၁.၀၈ ဘီလီယံ ရှိပြီး ရွေးကောက်ပွဲ အတွက် ငွေကြေး စုဆောင်းခြင်း ပြိုင်ဆိုင်မှုများ မှာလည်း တစ်နေ့တစ်ခြား ပိုမိုပြင်းထန်လာကြောင်း သိရှိရသည်။

အမေရိကန် နိုင်ငံ တွင် ရဲတပ်ဖွဲ့ ၏ ပြစ်မှုဖြေရှင်းရေး စွမ်းရည် အားနည်းခြင်းကြောင့် ပြည်သူလူထု က ရဲတပ်ဖွဲ့ အပေါ် ယုံကြည်မှု မရှိတော့ဘဲ  အမေရိကန် နိုင်ငံသား များ ၏ ကိုယ်ရေးကိုယ်တာ အခွင့်အရေး သည် လည်း စနစ်တကျ ဖျက်ဆီးခြင်း ခံနေရပြီး အမေရိကန် အကျဉ်းထောင် တွင် လိင်ပိုင်းဆိုင်ရာ ညှဉ်ပန်းနှိပ်စက်မှု သတင်းများ မှာလည်း မကြာခဏ ကြားတွေ့နေရကြောင်း အစီရင်ခံစာတွင် ရေးသား ဖော်ပြခဲ့သည်။  (Xinhua)