Connect with us

Europe

တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးသည့် ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများ အီတလီနိုင်ငံ တူးရင်းမြို့သို့ လျှင်မြန်စွာ ရောက်ရှိ 

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်သုံး ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ရောမ၊ မတ် ၁၅ ရက်(ဆင်ဟွာ) 

အီတလီနိုင်ငံနှင့် အီတလီရှိ တရုတ်အမျိုးသားများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်တွင် စုဆောင်းရရှိတဲ့ ၂၆.၄ တန် ရှိ ရောဂါကာကွယ်ရေး အထောက်အပံ့ပစ္စည်းများသည် မတ် ၁၃ ရက်တွင် အီတလီနိုင်ငံမြောက်ပိုင်း တူးရင်းမြို့ကို ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ယင်းအထောက်အပံ့ပစ္စည်းများကို လွှဲပြောင်းအပ်နှံရေးကိစ္စ ညှိနှိုင်းရန်အတွက် မီလန်မြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် စုန့်ရွှယ်ဖုန်းက တူးရင်းမြို့သို့ မတ် ၁၄ ရက် က သွားရောက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၌ COVID-19 ရောဂါဖြစ်ပွားသည့်အခါတွင် အီတလီနိုင်ငံ နယ်ပယ်အသီးသီးက လက်ကမ်းကူညီမှုများပြုလုပ်ခဲ့သလို အီတလီရှိ တရုတ်အမျိုးသားများကလည်း နည်းလမ်း အသွယ်သွယ်ဖြင့် ဇာတိဌာနေ၏ ရောဂါတိုက်ဖျက်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက်ခဲ့ကြသည်။ ယခုကာလများတွင် COVID-19ရောဂါသည် အီတလီတွင် လျှင်မြန်စွာ ပြန့်နှံ့လျက်ရှိရာ ဆေးကုသရေး အကာအကွယ်ပစ္စည်းများအရေးတကြီးလိုအပ်နေပြီး ဘက်ပေါင်းစုံမှ အကူအညီများကို အထူးလိုအပ်လျက်ရှိသည်။ တရုတ်နိုင်ငံ အစိုးရ၊ လူမှုအသိုက်အဝန်း၊ ကုမ္ပဏီလုပ်ငန်းနှင့် အီတလီရှိ တရုတ်အမျိုးသားများသည် အခက်အခဲများကို ဖြေရှင်းကျော်လွှားရင်း အီတလီနိုင်ငံအား ကူညီထောက်ပံ့အားပေးလျက်ရှိသည်။

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်သုံး ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ ထောက်ပံ့ရေးပစ္စည်းများ စုစည်း ပို့ဆောင်နိုင်ရန် ကျဲ့ကျန်းပြည်နယ် ဆွေချင်းထျန်ခရိုင်နှင့် ဝင်းကျိုးလုချန်ဒေသ၊ ဝင်ချန်ခရိုင် စသည့် ဒေသများ၊ကျဲ့ကျန်းပြည်နယ် ကုသိုလ်ဖြစ်အသင်းချုပ်နှင့် ပင်လယ်ရပ်ခြားတရုတ်အမျိုးသားအဖွဲ့စသည့် လူမှုအဖွဲ့အစည်းအသီးသီးက တက်တက်ကြွကြွ ရက်ဆက် ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့ ကြခြင်းဖြစ်သည်။ အီတလီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးကလည်း ပို့ဆောင်လာသည့်ပစ္စည်းများကို လွှဲပြောင်းလက်ခံရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ သက်ဆိုင်ရာနှင့်ညှိနှိုင်းကာ ပထမဆုံးပို့ဆောင်လာသည့် ထောက်ပံ့ရေးပစ္စည်းများကို ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံးနှင့် လိုအပ်ချက်အများဆုံးဖြစ်သည့် အီတလီနိုင်ငံ မြောက်ပိုင်းဒေသကို ပို့ဆောင်ရန် အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသည့် ဆေးဘက်သုံး ရောဂါ ကာကွယ်ရေး အထောက်အပံ့ပစ္စည်းများအား တွေ့ရစဉ် (ဆင်ဟွာ)

ယခုပို့ဆောင်လာသည့် ထောက်ပံ့ရေးပစ္စည်းအချို့ကို အီတလီနိုင်ငံ Piemonte ဒေသနှင့် အီတလီ ကြက်ခြေနီအသင်းအား ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။မီလန်မြို့အခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် စုန့်ရွှယ်ဖုန်းက “ဒါဟာ တရုတ်-အီတလီ နှစ်နိုင်ငံ စိတ်ချင်းဆက်နွယ် လက်တွဲကြတဲ့ ကံကြမ္မာတူအကျိုးတူအသိုက်အဝန်းဆက်ဆံရေးပါ။ နှစ်နိုင်ငံအတူ ရှေ့ဆက်အပြန်အလှန်ကူညီရိုင်းပင်းရင်း အခက်အခဲများကို အတူကျော်လွှားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ အီတလီနိုင်ငံရဲ့ လိုအပ်ချက်အရ အစွမ်းကုန် တတ်စွမ်းသလောက် ကူညီဆောင်ရွက်သွားမှာဖြစ်ပြီး ရောဂါတိုက်ဖျက်ရေးအတွေ့အကြုံတွေ မျှဝေသွားပါ့မယ်။အားလုံးလည်း အတူ ကြိုးပမ်းမှုကြောင့် ကပ်ရောဂါကြီး လုံးဝထိန်းချုပ်နိုင်မှာပါ။  ”ဟု ပြောကြားခဲ့သည်။ 

Piemonte ဒေသ ကျန်းမာရေးအရာရှိ အကြီးအကဲ အီခါဒီကလည်း အရေးကြုံလျှင် မိတ်ဆွေစစ် မိတ်ဆွေမှန်ကို ကြုံတွေ့ရကြောင်း ၊ အခက်အခဲကြုံခိုက်တွင် နွေးထွေးစွာလက်ကမ်းဖေးမသည့် တရုတ်နိုင်ငံအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ ကပ်ရောဂါပြီးဆုံးသွားပါက Piemonte ဒေသဆိုင်ရာအကြီးအကဲနှင့်အတူ တရုတ်နိုင်ငံ ကျဲ့ကျန်းသို့ သွားရောက်ကာ ကျေးဇူးတင်စကား ပြောကြားနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။ (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117