Connect with us

North America

အမေရိကန် နိုင်ငံ သည် အခြားနိုင်ငံများ ၏ လူ့အခွင့်အရေးများအား စိတ်အလိုရှိရာ အတိုင်း နင်းခြေဖျက်ဆီးနေကြောင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာ မှ သိရှိရ 

အီရတ် နိုင်ငံ Baghdad မြို့ တွင် ပြည်သူလူထု တို့ က စစ်ဆန့်ကျင်ရေး နှင့် ပတ်သက်၍ ဆန္ဒပြ နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ် ၁၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးရုံး ၏ မတ်လ ၁၃ ရက် တွင် ထုတ်ပြန်ကြေညာ ခဲ့သော “၂၀၁၉ ခုနှစ် အမေရိကန် နိုင်ငံ လူ့အခွင့်အရေး ချိုးဖောက်မှု အစီရင်ခံစာ” အရ အမေရိကန် နိုင်ငံ သည် အခြားနိုင်ငံများ ၏ လူ့အခွင့်အရေးများအား စိတ်အလိုရှိရာအတိုင်း နင်းခြေဖျက်ဆီး နေကြောင်း သိရှိခဲ့ရသည်။

အစီရင်ခံစာတွင် အမေရိကန် နိုင်ငံ က နိုင်ငံတကာ ၌ လက်ဝါကြီးအုပ်စိုးမှု အား ထိန်းသိမ်း နိုင်ရန် အတွက် တစ်ဖက်သတ်ကိုယ်ကျိုးရှာ မူဝါဒ (Unilateralism) ကို ကျင့်သုံးပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း ၏ ရည်မှန်းချက် နှင့် ကျင့်ဝတ် တို့ ကို အဓိက ထားသည့် နိုင်ငံတကာ စည်းစနစ် နှင့် နိုင်ငံတကာ အစဉ်အလာ တို့ အား နင်းခြေဖျက်ဆီးနေကြောင်း ၊ အမေရိကန် နိုင်ငံ ၏  မကြာခဏ အဖွဲ့အစည်းများ မှ နုတ်ထွက်ခြင်း ၊ သဘောတူညီချက်များအား ပယ်ဖျက်ခြင်း နှင့် နိုင်ငံတကာ တာဝန် ဝတ္တရားများအား ခေါင်းရှောင်ခြင်း တို့က ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှု အခြေခံအား ယိမ်းယိုင်စေခဲ့ပြီး မကြာခဏ ပိတ်ဆို့အရေးယူမှု ဆောင်ရွက်ခြင်း နှင့် စစ်အင်အား အသုံးပြုခြင်း တို့ကြောင့် ကမ္ဘာ့ နေရာ အနှံ့အပြား အား မတည်မငြိမ် သည့် စစ်မြေပြင် အဖြစ် သို့ ရောက်ရှိသွားစေခဲ့ကာ လွန်စွာ ဆိုးရွားသည့် လူသားချင်း စာနာထောက်ထားမှု ကပ်ဘေးများ ကို ဖြစ်ပွားစေခဲ့ကြောင်း ဖော်ပြထားသည်။

အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့ တွင် ပိုစတာ ကိုင်ဆောင်၍ ဆန္ဒပြနေသူ တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် အစီရင်ခံစာ ၌ အမေရိကန် နိုင်ငံ ၏ တိုက်ပွဲလိုလားသော မူဝါဒ က လူ့အခွင့်အရေး ကပ်ဘေး များ ဖြစ်ပွားစေခဲ့ပြီး ဗိုလ်ကျစိုးမိုးရေး ဝါဒ သည်လည်း နိုင်ငံတကာ အဖွဲ့အစည်း များ အပေါ် ခြိမ်းခြောက်မှု ဖြစ်ပွား စေခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ ၏ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှု ဆောင်ရွက်ချက်များ က အခြားနိုင်ငံ ၏ လူ့အခွင့်အရေး အား ဆိုးရွားစွာ ချိုးဖောက်နေကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မိမိ ကိုယ်ကိုယ် ပြန်လည် လိမ်ညာ ပြီး မိမိ နိုင်ငံ အား စံပြ လူ့အခွင့်အရေး နိုင်ငံ ဟု ပြောကြား ကာ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ တွင် စံနှုန်း သတ်မှတ်ချက် နှစ်မျိုးထားရှိ ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် လူ့အခွင့်အရေး အား မိမိ ၏ ဗိုလ်ကျစိုးမိုးပိုင်ခွင့် ထိန်းသိမ်းသည့် ကိရိယာ အဖြစ် အသုံးချ ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မိမိ အကျိုးစီးပွား နှင့် ကိုက်ညီပါက လူ့အခွင့်အရေး အား အသုံးပြုခဲ့ပြီး မိမိ အကျိုးစီးပွား အား ထိခိုက်လာပါက လူ့အခွင့်အရေး အား မျက်ကွယ်ပြု ခဲ့ကြောင်း ၊ လက်ရှိအချိန်တွင် အမေရိကန် နိုင်ငံ က ပြည်တွင်း လူ့အခွင့်အရေး ပြဿနာ များမှ ရုန်းထွက်၍ မရနိုင်ဘဲ ဖြစ်နေသော်လည်း ကမ္ဘာလုံး ဆိုင်ရာ ကိစ္စရပ်များတွင် စိတ်အလိုရှိရာ အတိုင်း ပြုမူဆောင်ရွက်နေပြီး အခြား နိုင်ငံများ ၏ လူ့အခွင့်အရေး အား နင်းခြေဖျက်ဆီး နေသောကြောင့် လူသားများ လွန်စွာခက်ခဲကြမ်းတမ်း သော အခြေအနေ နှင့် ရင်ဆိုင်နေရကြောင်း ၊ အမေရိကန် နိုင်ငံ ၏ သူတစ်ပါးအား ထိခိုက်စေပြီး မိမိ ကိုယ်ကိုလည်း အကျိုးမရှိစေသည့် ဆောင်ရွက်မှုများ က နိုင်ငံတကာ ကျင့်ဝတ် နှင့် လူသား တို့၏ ကောင်းမွန်သော စိတ်ထား တို့နှင့် ဆိုးရွားစွာ ဆန့်ကျင်နေပြီး ယင်းဆောင်ရွက်မှုများ က ရိုးသားကောင်းမွန်မှန်ကန်သော သူ များ ၏ ရှုတ်ချမှု ကိုလည်း ခံရမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။  (Xinhua)