ကဘူးလ်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်စစ်သား ၂ ဦး ကျဆုံးခဲ့ကြောင်း နေတိုး (NATO) ဦးဆောင်သည့် Resolute Support (RS) က သြဂုတ်လ ၂၂ ရက်တွင် အတည်ပြုပြောကြားလိုက်သည်။
ပြုံယမ်း ၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သြဂုတ်လ ၂၂ ရက် ၌ တောင်ကိုရီးယား နိုင်ငံ ၏ အမေရိကန် နိုင်ငံ မှ ကိုယ်ပျောက်တိုက်လေယာဉ်များ ထပ်မံ တင်သွင်းမှု အပေါ် ပြင်းထန်စွာ...
အစ္စလာမ်မာဘတ် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ရဲကင်းစခန်း တစ်ခုအား သြဂုတ် ၂၁ ရက် ညပိုင်းတွင် မည်သူမည်ဝါမှန်း မသိရသည့် အကြမ်းဖက်သမား တစ်ချို့ ဝင်ရောက် ပစ်ခတ်ခဲ့သဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ပြီး အခြားသူများ ဒဏ်ရာ ရရှိခဲ့ကြောင်း အစ္စလာမ် မာဘတ်မြို...
ကဘူးလ်၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ မင်္ဂလာပွဲအခမ်းအနားတစ်ခုတွင် ယခုလ ၁၇ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ သေဆုံးသူဦးရေ ၈၀ အထိ တိုးမြင့်လာပြီဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Nasrat Rahimiက သြဂုတ် ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ဟနွိုင်း ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) ဗီယက်နမ်နိုင်ငံတွင် သြဂုတ်လအတွင်း နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် ၆၃ ခုအနက် ၆၂ ခုတွင် ဝက်တုပ်ကွေးရောဂါ (ASF) ဖြစ်ပွားလျက်ရှိနေသောကြောင့် ဝက်ကောင်ရေ ၄ သန်းကျော်ကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက သြဂုတ် ၂၁ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၂၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရအဖွဲ့အနေဖြင့် “ ကလေးမွေးဖွားပြီး နိုင်ငံသားဖြစ်ခွင့်ရသည့်ဥပဒေ’’(Birthright citizenship)ကို ရပ်တန့်ပစ်ရေး ပြင်ဆင်မှုပြုလုပ်သွားရန် အလေးအနက်ထားစဉ်းစားနေကြောင်း သြဂုတ် ၂၁ ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တူရကီတပ်ဖွဲ့ယာဉ်တန်းအား ဆီးရီးယားတိုက်လေယာဉ်များက တိုက်ခိုက်ခဲ့သည့်အတွက် တူရကီနိုင်ငံခြားရေး ဝန်ကြီး Mevlut Cavusogluက ဆီးရီးယားအစိုးရကို သြဂုတ် ၂၀ ရက်တွင် သတိပေးပြောကြားလိုက်သည်။ တူရကီအနေဖြင့် တပ်ဖွဲ့ဝင်များ၏လုံခြုံရေးအတွက် လိုအပ်သည့် နည်းလမ်းများ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ဖနွမ်းပင် ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဆမ်ဒက်ဟွန်ဆန်က ပြည်ပြေးအတိုက်အခံခေါင်းဆောင်ဟောင်းSam Rainsy အား အသရေဖျက်မှုဖြင့် ပြင်သစ်နိုင်ငံရှိတရားရုံးတစ်ခု၌ သြဂုတ် ၂ဝ ရက်တွင် တရားစွဲဆိုလိုက်ကြောင်း ဝန်ကြီးချုပ်ဥပဒေအတိုင်ပင်ခံဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။
ကိုင်ရို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) အီဂျစ်နိုင်ငံ North Sinai ပြည်နယ် Arishမြို့တွင် အီဂျစ်လုံခြုံရေး တပ်ဖွဲ့က လျှပ်တစ်ပြက်စစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ အကြမ်းဖက်သမား ၁၁ ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၀ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မော်စကို ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) တရုတ် ၊ အိန္ဒိယ ၊ ကာဇက်စတန် ၊ ကာဂျစ်စတန် ၊ တာဂျစ်ကစ်စတန် နှင့် ဥဇဘတ်ကစ်စတန် နိုင်ငံများမှ စစ်သည်များသည် ရုရှားနိုင်ငံ၌ စက်တင်ဘာ ၁၆ ရက် မှ ၂၁ ရက်အထိ ပြုလုပ်မည့်...