ဝါရှင်တန် ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က ယခုလ ၇ ရက် တွင် မြောက်ကိုရီးယား နိုင်ငံ သို့ ထပ်မံ သွားရောက်လည်ပတ် မည်ဖြစ်ပြီး မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး...
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အစိုးရရှေ့နေများသည် ငွေကြေးခဝါချမှု နှင့် ပတ်သက်သော ငွေကြေးလွှဲပြောင်းမှုများတွင် တရားမဝင် ပါဝင်သည့် လူ ၄၁၇ဦးကို ဖမ်းဆီးထိန်းသိမ်းရန် အောက်တိုဘာ ၂ ရက်တွင် ဖမ်းဝရမ်းထုတ်ပေးခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြခဲ့သည်။
ဆိုးလ်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ၂၀၀၇ ခုနှစ် ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေး ၁၁ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ယခုရက်သတ္တပတ်ကုန်ပိုင်းတွင် ပူးတွဲကျင်းပရန် တောင်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ မြို့တော် ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အောက်တိုဘာလ ၂ ရက်တွင် ပြောကြားလိုက်သည်။
ဆစ်ဒနီ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) ပါပူအာနယူးဂီနီနိုင်ငံတွင် ပိုလီယိုဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် ကလေးငယ်တစ်ဦးသေဆုံးကြောင်း ဆေးဘက်ဆိုင်ရာ အာဏာပိုင်များက အတည်ပြုခဲ့ကြောင်း သိရသည်။
လီမာ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံ အလယ်ပိုင်း Junín ပြည်နယ် တွင် ခရီးသည်တင် နှစ်ထပ် ကားတစ်စီး စက်တင်ဘာ ၃၀ ရက်က ချောက်ထဲပြုတ်ကျမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀ဦး သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
ပေကျင်း ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အင်ဒိုနီးရှား နိုင်ငံ Central Sulawesi ပြည်နယ် တွင် စက်တင်ဘာ ၂၈ ရက် ၌ ပြင်းအား ၇.၄ အဆင့် ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ဆူနာမီ ဖြစ်ပေါ်ခဲ့ရာ အောက်တိုဘာ ၁...
ဝါရှင်တန်၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်း ဖလော်ရီဒါပြည်နယ် ရှိ အော်လန်ဒိုဒေသဆိုင်ရာဆေးရုံ တွင် အသက် ၂၅နှစ်အရွယ် အမျိုးသားတစ်ဦး သည် ၎င်း၌ သေနတ်ပါရှိကြောင်းပြောဆိုပြီး ဆေးရုံဝန်ထမ်းအား ခြိမ်းခြောက်ခဲ့၍ အမေရိကန်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁ ရက်တွင် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ကူဝိတ်စီးတီး ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အစိုးရတပ်နှင့် ဟူသီလက်နက်ကိုင်များသည် ပင်လယ်နီဆိပ်ကမ်းမြို့ဖြစ်သည့် Hodeidahမြို့ တွင် အောက်တိုဘာ ၁ ရက်က တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေဆုံးခဲ့ကြောင်း ယီမင် စစ်ဘက်ဆိုင်ရာက ယင်းနေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မန်ချက်စတာယူနိုက်တက် ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) မန်ချက်စတာယူနိုက်တက်အသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ရလဒ်များဆိုးရွားနေသော်လည်း နည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် အသင်းနည်းပြရာထူးတွင် ဆက်ရှိနေမည်ကို အပြည့်အဝယုံကြည်မှုရှိကြောင်း ပြောကြားလိုက်သည်။
ဆစ်ဒနီ ၊ အောက်တိုဘာ ၂ ရက်(ဆင်ဟွာ) သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ ဆေးရုံတစ်ရုံ၌ အောက်တိုဘာ ၂ ရက်တွင် ဗုံးခြိမ်းခြောက်မှု နှစ် ကြိမ်တိုင်တိုင်ဖြစ်ပွားခဲ့ရာ တာဝန်ရှိသူများက ဆေးရုံပေါ်ရှိ လူနာ ၆ဝ ကျော်ကို အနီးအနားရှိ ပန်းခြံတစ်ခုသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရကြောင်း သိရသည်။