Connect with us

Asia

သမ္မတ ရှီကျင့်ဖိန် ၏ ခရီးစဉ်က တရုတ်-နီပေါချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်

နီပေါနိုင်ငံသို့ချစ်ကြည်ရေးခရီး ရောက်ရှိလာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် အား ခတ္တမန္ဒူမြို့လေဆိပ် ၌ နီပေါနိုင်ငံသမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ က ကြိုဆိုနှုတ်ဆက်စဉ်(ဆင်ဟွာ)

ခတ္တမန္ဒူ ၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၏ နီပေါနိုင်ငံသို့ နိုင်ငံတော်အလည်အပတ်ခရီး က အောက်တိုဘာလ ၁၃ ရက်တွင်ပြီးဆုံးခဲ့ပြီဖြစ်သည်။အဆိုပါချစ်ကြည်ရေးခရီးစဉ်က နှစ်နိုင်ငံအကြား ခိုင်မာသောဆက်ဆံမှုများကို စီစဉ်ဆောင်ရွက်နိုင်ခဲ့သည်ဟုလည်း ဆိုရပေမည်။

ချစ်ကြည်ရေးခရီးစဉ်အတွင်း သမ္မတ ရှီကျင့်ဖိန် က  နီပေါနိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ နှင့် ဝန်ကြီးချုပ် ကေပီရှာမာအိုလီ တို့အပြင်အခြားသောနိုင်ငံရေးခေါင်းဆောင်များနှင့်လည်းတွေ့ဆုံခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး စာချုပ် ၂၀ ခန့်ကိုလည်း လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရ သည်။

နှစ်နိုင်ငံခေါင်းဆောင်များကတရုတ်နိုင်ငံနှင့်နီပေါနိုင်ငံတို့အကြားဆက်ဆံရေးများတွင်အခန်းကဏ္ဍသစ် တစ်ရပ်ကိုဖွင့်လှစ်ခဲ့ကြခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်ချမ်းသာကြွယ်ဝမှုတို့အတွက် အစဉ်တည်မြဲမည့်ချစ် ကြည်မှုကိုအလေးထားကာ ပူးပေါင်းဆောင်ရွက်မှု၏ မဟာဗျူဟာမြောက်စီးပွားဆောင်ရွက်ဖက်များအ ဖြစ် ၎င်းတို့၏ဆက်ဆံမှုကိုမြှင့်တင်ရန်လည်း သဘောတူခဲ့ကြပေသည်။

အစဉ်အလာချစ်ကြည်ရင်းနှီးမှု

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန် ကိုကြိုဆိုနှုတ်ဆက်ကြရာတွင် နီပေါပြည်သူအများအပြား က တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့နိုင်ငံ၏ လူမှုရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အကူအညီပေးခဲ့ ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးပိုမိုနီးကပ်ကောင်းမွန်လာမည်ဟု ၎င်းတို့မျှော်လင့်ပါကြောင်း ဆင်ဟွာ သတင်းဌာနသို့ပြောကြားခဲ့ကြသည်။ ခတ္တမန္ဒူမြို့တော်အတွင်း တရုတ်နိုင်ငံသမ္မတ ရှီသွားရာလမ်းများ တစ်လျှောက် နှစ်နိုင်ငံအလံများကိုဝှေ့ယမ်း၍လည်းကောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် နီပေါ  နိုင်ငံ သမ္မတ မစ္စစ်ဘီဒီယာ ဒေဗီဘန်ဒါရီ တို့၏ပုံတူများကိုစိုက်ထူ၍လည်းကောင်း နီပေါပြည်သူများက နွေးထွေးစွာကြိုဆိုမှုပြုခဲ့ကြသည်။

အခြေခံအဆောက်အအုံအဆင့်မြှင့်တင်မှု

နီပေါနိုင်ငံ ၏ အပတ်စဉ်ထုတ်ဂျာနယ ်ဖြစ်သော Nepali People’s Review ၏ အယ်ဒီတာချုပ်ဖြစ်သူ ပွတ်ရှ်ပါ ရာ့ဂျ် ပရတ်ဟန် က နှစ်နိုင်ငံချုပ်ဆိုခဲ့ကြသော သယ်ယူပို့ဆောင်ရေးနှင့်ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်များကနီပေါနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ရေရှည်တွင်အကျိုးသက်ရောက် မှုရှိလိမ့်မည်ဟုပြောကြားခဲ့သည်။၎င်းက ဟိမဝန္တာတောင်တန်းကြီးကိုဖြတ်ကျော်ဆောင်ရွက်မည့်ဆက် သွယ်မှုကွန်ရက် ကနီပေါနိုင်ငံအတွင်း ကားလမ်း၊ရထားလမ်းများနှင့်လေကြောင်းခရီးများ ကိုပါအဆင့်    မြှင့်တင်ပေးလိမ့်မည်ဟုလည်းသုံးသပ်ပြောကြားခဲ့သည်။

နီပေါနိုင်ငံမှနိုင်ငံရေးအကဲခတ်လေ့လာသူတစ်ဦးဖြစ်သော ယူဘာရာ့ဂျ် ဆာနာရာ ကလည်းဟိမဝ န္တာ တောင်တန်းကြီးကိုဖြတ်ကျော်ဆောင်ရွက်မည့်ဆက်သွယ်မှုကွန်ရက် က နီပေါကုန်စည်များကိုတရုတ် နိုင်ငံသို့ပို့ဆောင်ရန်နှင့် ဒေသအတွင်းပိုမိုကျယ်ပြန့်သောဈေးကွက်များသို့ ဝင်ရောက်ခွင့်ရစေရန ်ထိ ရောက်သောလမ်းကြောင်းကိုလည်း ဖြစ်စေလိမ့်မည်ဟု သုံးသပ်ပြောကြားခဲ့သည်။

နိုင်ငံခြားရေးမူဝါဒကျွမ်းကျင်သူ ဟီရာနာယာ လာလ် ရှရက်ရှ်သာ က တရုတ်နိုင်ငံ၏ ဟိမဝ န္တာ တောင် တန်းကြီးကိုဖြတ်ကျော်၍ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှုအတွက်ဆောင်ရွက်ပေးရန် ကတိပြု မှုက နှစ်နိုင်ငံကြားတောင်တန်းများကို အခက်အခဲအတားအဆီးများအစား ချစ်ကြည်ရင်းနှီးမှု၏အမှတ် တံဆိပ် အဖြစ် တည်ရှိစေလိမ့်မည်ဟု ပြောကြားခဲ့သည်။

အသေးစိတ်စီမံချက်ရေးဆွဲမှု

သမ္မတ ရှီ ၏ချစ်ကြည်ရေးခရီး မတိုင်မီကပင် တရုတ်နိုင်ငံနှင့်ချစ်ကြည်ရေးခိုင်မာ အောင်ဆောင်ရွက်  ရန်နှင့်ရပ်ဝန်းနှင့်ပိုးလမ်းမအဆိုပြုချက်(ခေတ်သစ်ပိုးလမ်းမကြီး) အရဆက်ဆံမှုများ တိုးချဲ့သွားရန်  တို့က နီပေါ ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ကပြောကြားခဲ့သည်။၎င်းက “ကျွန်တော်တို့အနေနဲ့ရပ်ဝန်း နှင့်ပိုးလမ်းမအဆိုပြုချက် နဲ့ အခြားနှစ်ဖက်အကျိုးတူစီမံကိန်းများမှတစ်ဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အလေးထားဆောင်ရွက်သွားမှာပါ။တရုတ်နိုင်ငံက ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအထောက်အ ကူပေးသူပါပဲ။” ဟုပြောကြားခဲ့သည်။ထို့ပြင် ဝန်ကြီးချုပ် ကေပီရှာမာအိုလီ ကသမ္မတ ရှီ ၏ သမိုင်းတွင်  မည့် ချစ်ကြည်ရေးခရီးက နီပေါ-တရုတ်ချစ်ကြည်ရေးအတွက် အသေးစိတ်စီမံချက်တစ်ခုကိုဖြစ်ပေါ်စေ လိမ့်မည်ဟုလည်းပြောခဲ့သည်။

ထို့ကြောင့်လည်း သမ္မတ ရှီ ၏ချစ်ကြည်ရေးခရီးကတရုတ် နှင့်နီပေါ နှစ်နိုင်ငံအကြားအစဉ်အလာတည် ရှိလာသော ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ကိုပိုမိုခိုင်မာစေရန် အထောက်အကူပြုလိမ့်မည်ဟုသာ သုံးသပ်ရပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.