Connect with us

North America

အမေရိကန် နိုင်ငံ က တူရကီ်နိုင်ငံ မှသွင်းကုန်များအပေါ်ကုန်စည်စည်းကြပ်ခွန် မြှင့်တင်မည်

တူရကီ်နိုင်ငံ၊ အစ္စတန်ဘူလ် မြို့အတွင်း မြင်ကွင်းတစ်ခုကိုတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန်၊ အောက်တိုဘာလ ၁၅ ရက်(ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့် ကတူရကီနိုင်ငံက ဆီးရီးယားနိုင်ငံမြောက်ပိုင်းကိုဝင် ရောက်တိုက်ခိုက်ခဲ့မှုကြောင့် ၎င်းအနေဖြင့် တူရကီ၏လက်ရှိနှင့်ယခင် အရာရှိကြီးများအပေါ်တွင် ပိတ် ဆို့မှုပြုသည့်အမိန့်တစ်ရပ်ကို မကြာမီထုတ်ပြန်သွားမည်ဟု အောက်တိုဘာလ ၁၄ ရက်ကပြောကြားခဲ့ ကြောင်းသိရပါသည်။

သမ္မတ ဒေါ်နယ်ထရန့် ကအမေရိကန်ပြည်ထောင်စု အနေဖြင့် တူရကီနှင့်အမေရိကန်ဒေါ်လာဘီလီယံ ၁၀၀ ကျော်ဖိုးရှိသည့်ကုန်သွယ်ရေးသဘောတူညီချက်တစ်ရပ်အတွက် ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ချက်ခြင်းရပ်ဆိုင်းသွားမည်ဖြစ်ကာ တူရကီမှတင်သွင်းသည့် သံမဏိသွင်းကုန်များအပေါ် စည်းကြပ်ခွန် ၅၀ ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမည်ဟုလည်းကြေညာချက်တစ်ရပ်တွင် ဖေါ်ပြခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့က တူရကီအပေါ်ပြင်းထန်သည့်ပိတ်ဆို့မှုများပြုလုပ်သွားမည်ဟု ခြိမ်းခြောက် ပြောကြားအပြီးရက်ပိုင်းအတွင်းမှာပင် သမ္မတထရန့် ကပိတ်ဆို့အရေးယူမှုကြေညာချက်ကိုထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။ တူရကီတပ်ဖွဲ့များက ဆီးရီးယားမြောက်ပိုင်းကို အောက်တိုဘာလ ၉ ရက်မှစတင်၍ထိုး စစ်ဆင်ခဲ့အပြီး ဆီးရီးယားမြောက်ပိုင်းရှိအမေရိကန်တပ်ဖွဲ့ ၁,၀၀၀ ခန့်ကို ပြန်လည်ရုပ်သိမ်းရန်အမိန့် ထုတ်ပြန်ခဲ့အပြီးတွင်လည်း ယခုကဲ့သို့ တူရကီအပေါ် ပိတ်ဆို့မှုပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါပိတ်ဆို့ခံရသော အမည်ပျက်စာရင်းအသွင်းခံရသည့်ပုဂ္ဂိုလ်များသည် ငွေကြေးဆိုင်ရာပိတ်ဆို့မှု၊ အိမ်ခြံမြေပိုင်ဆိုင်မူပိတ်ဆို့မှုနှင့် အမေရိကန်ပြည်ထောင်စု သို့ဝင်ခွင့်ပိတ်ဆို့မှု စသော အကျိုးဆက်များ နှင့်ရင်ဆိုင်ရမည်ဟုကြေညာချက်ကဖေါ်ပြခဲ့သည်။တူရကီမှတင်သွင်းသည့်ပစ္စည်းများအပေါ်စည်းကြပ် ခွန်တိုးမြှင့်ခဲ့ခြင်းကလည်း တူရကီအစိုးရအားစီးပွားရေးအခြေအနေ ပိုမိုကြပ်တည်းသည့် အခြေအနေ သို့ရောက်ရှိစေမည်ဟု သုံးသပ်ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.