ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ Gilroy ကြက်သွန်ဖြူပွဲတော် (Gilroy Garlic Festival) နှစ်ပတ်လည်အခမ်းအနား၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦးသေဆုံးပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Gilroy ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အော့တဝါ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ အွန်တာရီယိုပြည်နယ် မာ့ခ်ဟမ်မြို့ရှိ နေအိမ်တစ်လုံးတွင် လူလေးဦး သေဆုံးနေသည်ကို တွေ့ရှိခဲ့ပြီးနောက် အသက် ၂၀ နှစ်အရွယ် အမျိုးသားတစ်ဦးအား ဇူလိုင်လ ၂၈ ရက် မွန်းလွဲပိုင်းက ထိန်းသိမ်းခဲ့ကြောင်း ကနေဒါရဲတပ်ဖွဲ့က ဇူလိုင်လ ၂၈ ရက်က ပြောခဲ့သည်။
ကဘူးလ် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အာဖဂန် နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်၌ ဇူလိုင် ၂၈ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ တစ်ဦး သေဆုံးခဲ့ပြီး အခြား ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ကျန်းမာရေး ဝန်ကြီး Wahidullah Mayar...
နယူးယောက် ၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ နယူးယောက်မြို့ဘရွတ်ကလင်းရပ်ကွက်(Brooklyn)၌ ဇူလိုင် ၂၇ ရက် ညပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၁ ဦးသေဆုံးပြီး အခြား ၁၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း နယူးယောက်မြို့တော်ရဲတပ်ဖွဲ့ဌာန(NYPD) ၏ ပြောကြားချက်အရ သိရသည်။
ပဲရစ်၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ တောင်ပိုင်းတွင် ဇူလိုင်လ ၂၈ ရက်ညနေပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
တီဟီရန် ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အီရန် နိုင်ငံက လိုအပ်လာလျှင် ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုများ လုပ်ဆောင်လိမ့်မည်ဟု အီရန် စစ်ဘက် အရင်းအမြစ်က နိုင်ငံပိုင် IRNA သတင်းအေဂျင်စီသို့ဇူလိုင် ၂၇ ရက်တွင် ပြောကြားခဲ့သည်။
မက္ကဆီကို စီတီး၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) အမေရိကန်မှ မှောင်ခိုတင်သွင်းလာသည့် သေနတ်များကြောင့် မက္ကဆီကိုနိုင်ငံတွင် အုပ်စုလိုက် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ အစိုးရအနေဖြင့် သေနတ်မှောင်ခိုနှိမ်နှင်းမှုကို ဦးစားပေးမူဝါဒတစ်ခု အဖြစ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ လွန်ခဲ့သောရက်များက ထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။
မော်စကို ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ မော်စကိုမြို့လယ်ခေါင်၌ ဇူလိုင် ၂၇ ရက်တွင် လူတစ်စုက ခွင့်ပြုချက်မဲ့ စုဝေးလှုပ်ရှားမှု ပြုလုပ်ခဲ့ရာ ယင်းလှုပ်ရှားမှုတွင် ပါဝင်သူ လူပေါင်း ၂၉၅ ဦးအား အများပြည်သူအား နှောက်ယှက်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်စကိုမြို့ပြည်ထဲရေးဌာနက ယင်းနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ သည်။
ရာဘတ်၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) မော်ရိုကိုနိုင်ငံ မြောက်ပိုင်း တန်ဂျီးယားမြို့အနီးတွင် IS အစွန်းရောက်အဖွဲ့နှင့်ဆက်စပ်သူ ၅ ဦးကို ဇူလိုင် ၂၇ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း မော်ရိုကို ပြည်ထဲရေးဝန်ကြီးဌာနက ယင်းနေ့တွင် သတင်း ထုတ်ပြန် ခဲ့သည်။
စင်ကာပူ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်း၍ စင်ကာပူနိုင်ငံ ဂျူရွန်း(Jurong) အခြေစိုက်စခန်းတွင် မြို့ပြဒေသ ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။