Connect with us

Asia

ထိုင်းရဲတပ်ဖွဲ့က စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်း ခန့် ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ၌ စိတ်ကြွရူးသွပ်ဆေးပြားများ တင်ဆောင်လာသော ကုန်တင်ကားအား ဖမ်းဆီးနေစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘန်ကောက် ၊ နိုဝင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ မြောက်ပိုင်း ချင်းရိုင်ပြည်နယ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၃ သန်း ခန့် သယ်ဆောင်လာသည့် ၁၀ ဘီးကားယာဉ်မောင်း တစ်ဉီးကို ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

လူတစ်ယောက်က နိုင်ငံအလယ်ပိုင်းသို့ ကုန်တင်ကားဖြင့် စိတ်ကြွဆေးပြား မှောင်ခိုတင်သွင်းရန် ကြိုးပမ်းနေသည် ဆိုသည့် သတင်းပေးပို့မှုကို ကြိုတင်ရရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

၎င်းကုန်တင်ကားပေါ်တွင် မြေဩဇာအိတ် ၂၂ လုံးအတွင်း ခိုးဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ၂ ဒသမ ၉ သန်းကို ရဲတပ်ဖွဲ့က နောက်ပိုင်းတွင် ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ တာဝန်ရှိသူများက မူးယစ်ဆေးဝါးသယ်ဆောင်လာသော ကုန်တင်ယာဉ်မောင်းသည် မည်သူအတွက် အလုပ်လုပ်ပေးနေကြောင်း ၊ မည်သည့်အဖွဲ့အစည်းနှင့် ဆက်နွယ်မှုရှိကြောင်း သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယာဉ်မောင်းဖြစ်သူက ချင်းရိုင် ခရိုင် စစ်ဆေးရေးဂိတ်မှ မြေဩဇာအိတ်များတင်ဆောင်ထားသော ကုန်ကားကို မောင်းနှင်ခဲ့ခြင်းသာဖြစ်ကြောင်း နှင့် ၎င်းကားပေါ်တွင် မည်သည့်အရာများ ပါရှိသည်ကို မသိရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အား ထွက်ဆိုထားသည်။ (Xinhua)