Connect with us

Asia

ဟောင်ကောင် တွင် ဆန္ဒပြသမားများအား တက္ကသိုလ်ဝင်းအတွင်းမှ ငြိမ်းချမ်းစွာ ဖြင့်အမြန်ဆုံးထွက်ခွာပေးကြရန်တောင်းဆို

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အတွင်းအကြမ်းဖက် ဆန္ဒပြသမား၏ ဖျက်ဆီးမှုများကြောင့် စာသင်ခန်းများပျက်စီးနေမှုကို နိုဝင်ဘာလ ၂၁ ရက် ကတွေ့ရစဉ်(ဆင်ဟွာ)

ဟောင်ကောင်၊နိုဝင်ဘာလ ၂၇ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းအကြမ်းဖက်ဆန္ဒပြသမားများက ဆယ်ရက် မြောက်အဖြစ် ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း (Hong Kong Polytechnic University campus)အတွင်းဆက်လက်စုရုံးနေခဲ့ကြပြီးနောက်ရဲတပ်ဖွဲ့ကတက္ကသိုလ်ဝင်းအတွင်းကျန် ရှိနေသူအားလုံးငြိမ်းချမ်းစွာဖြင့်အမြန်ဆုံးထွက်ခွာပေးကြရန် နိုဝင်ဘာလ ၂၆ ရက်က ထပ်မံတောင်းဆို ခဲ့သည်။

ဟောင်ကောင်အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏အမှုဆောင်အုပ်ချုပ်ရေးမှူးချုပ် ဖြစ်သောမစ္စစ်ကယ် ရီလမ်း ကလည်းဆန္ဒပြသမားများအနေဖြင့်ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အတွင်းမှ အေးချမ်းစွာနှင့်လုံခြုံစိတ်ချရမှုရှိစွာပြန်လည်ထွက်ခွာပေးကြခြင်းဖြင့် ပြဿနာအား ငြိမ်းချမ်း စွာဖြေရှင်းနိုင်မည်ဟုမျှော်လင့်ကြောင်းဖြင့် မီဒီယာများအားပြောကြားခဲ့သည်။

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် မှအမည်မဖေါ်လိုသောဝန်ထမ်းတစ်ဦးကတက္က သိုလ်ဝင်းအတွင်းလုပ်ငန်းအဖွဲ့ခြောက်ဖွဲ့ကို နိုဝင်ဘာလ ၂၆ ရက်ကစေလွှတ်ခဲ့ရာတွင်မွန်းမတည့်မီအ ချိန်အထိ ဆန္ဒပြသမားတစ်ဦးမျှမတွေ့ရှိခဲ့ကြောင်း၊ရဲတပ်ဖွဲ့က တက္ကသိုလ်ဝင်းအတွင်းမှလူ ၁,၁၀၀ ခန့် အေးချမ်းစွာ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်ဟုနိုဝင်ဘာလ ၂၅ ရက်ကကြေညာခဲ့ ကြောင်း၊ဆန္ဒပြသ မား ၃၀ ခန့်တက္ကသိုလ်ဝင်းအတွင်းရှိနေသေးသည်ဟုယုံကြည်ရကြောင်း ဆင်ဟွာသတင်းဌာနသို့ပြော ကြားခဲ့သည်။

ဟောင်ကောင်အဆင့်မြင့်သိပ္ပံနှင့်နည်းပညာတက္ကသိုလ်ဝင်း အတွင်းသိမ်းဆည်း ရမိသည့်ဓါတ်ဆီလောင်စာပုလင်းများကိုတွေ့ရစဉ်(ဆင်ဟွာ)

၎င်းက တက္ကသိုလ်၏ ဓါတ်ခွဲခန်းများအတွင်းမှ လူသေစေနိုင်လောက်သော ဓါတုပစ္စည်းများပျောက်ဆုံး လျက်ရှိကြောင်း၊၎င်းတို့အနက်အချို့မှာမီးတောက်လောင်လွယ်ပြီးအန္တရာယ်ရှိကြောင်းလည်းပြောကြား ခဲ့သည်။

ဆန္ဒပြအဓိကရုဏ်းတွင်ပါဝင်ခဲ့ကြသူများကလည်း ရဲတပ်ဖွဲ့ဝင်များအား ဓါတ်ဆီဗုံးများ၊လေးနှင့်မြှားများ၊ သတ္တုဘောလုံးများ နှင့်အုတ်ခဲများစသည့် လူသေစေနိုင်သော အရာလက်နက်များဖြင့်ကိုယ်ထိလက် ရောက်တိုက်ခိုက်ခဲ့ကြသည်။

တက္ကသိုလ်ဝင်းအတွင်းလေဟာပြင်နေရာတစ်ခုတွင်အသုံးမပြုရသေးသောဓါတ်ဆီဗုံးများနှင့့််မီးတောက်

လွယ်သောဓါတ်ငွေ့ရည်များပါဝင်သည့်ဓါတ်ငွေ့မီးဖိုသုံးဘူးအမြောက်အမြားကိုတွေ့ကြရပြီးလက်လုပ် လက်နက်အမျိုးမျိုးကိုလည်းတွေ့ကြရသည်။ဆန္ဒပြအဓိကရုဏ်းတွင်ပါဝင်ခဲ့ကြသူများက လောက်လေး များ၊လေးခွများကိုလည်း ရဲတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ရန်ပြုလုပ်ခဲ့ကြသည်။

ဟောင်ကောင်ရဲတပ်ဖွဲ့ကမူ တက္ကသိုလ်ဝင်းအတွင်း ကျန်ရှိနေသေးသူများအတွက်ဆေးဝါးအထောက် အပံ့များပေးရန် နှင့်ညှိနှိုင်းဆွေးနွေးရန် လုံခြုံရေးအဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ရေး စီစဉ်နေကြောင်း၊ဆန္ဒပြ သမားအနေနှင့်အကူအညီလိုအပ်ပါက ကူညီပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

(Xinhua)