ဗီယင်နာ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် လူနေတိုက်ခန်းတစ်ခုအတွင်း ဇွန်လ ၂၆ ရက်နေ့က ဓါတ်ငွေ့ပေါက်ကွဲမှု ဟု ယူဆရသည့် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးခဲ့ပြီး အဆောက်အဦ အပျက်အစီးများ အောက်တွင် ရှိနေသော အခြားတစ်ဦးမှာလည်း အသက်ရှင်ဖွယ် လမ်းမရှိတော့ကြောင်းသိရသည်။
ရောမ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အီတလီနိုင်ငံတွင် ဇွန် ၂၇ ရက်၌ မြို့ကြီး ၆မြို့ နှင့် ဇွန် ၂၈ ရက် ၌ မြို့ကြီး ၁၆မြို့တို့တွင် အပူချိန်လွန်ကဲနိုင်ကြောင်း အီတလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က အပူချိန်သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အိုဆာကာ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ (၁၄) ကြိမ်မြောက် G 20 ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေး တက်ရောက်ရန် အတွက် ယနေ့(ဇွန်လ ၂၇ ရက်) တွင် အထူးလေယာဉ်ဖြင့် ဂျပန်နိုင်ငံ အိုဆာကာမြို့ကို...
ပြုံယမ်း၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားအပေါ် အမေရိကန်ထားရှိသော ပြောင်းလဲမှုမရှိသော ရန်လိုသည့် မူဝါဒများကို ပြစ်တင်ဝေဖန်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်၏ပိတ်ဆို့ဖိအားပေးမှု များကို လက်လျှော့အရှုံးပေးမည်မဟုတ်ကြောင်း၊ ရန်လိုမှုအသွင်ဆောင်သည့် မူဝါဒများ မပြောင်းမလဲ ဆက်လက်...
အန်တာနာနာရီဗို ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) မဒါဂတ်စကာ နိုင်ငံ၌ ဇွန် ၂၆ ရက်တွင် ကျင်းပခဲ့သော လွတ်လပ်ရေးနေ့တရားဝင် အခမ်းအနား တစ်ခု အတွင်း လူ အုပ်စုလိုက် အလန့်တကြား ထွက်ပြေးခဲ့ကြမှုကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံးခဲ့ပြီး အခြား ၇၅...
နယူးဒေလီ ၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်မှ စတင်ကာ ဂျက်တိုက်လေယာဉ် နှင့် ရဟတ်ယာဉ် ၁၅ စင်းအပါအဝင် အိန္ဒိယလေတပ်မှ စုစုပေါင်းလေယာဉ် ၂၇ စင်း ဆုံးရှုံးခဲ့ရကြောင်း အိန္ဒိယနိုင်ငံအစိုးရက ဇွန် ၂၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ကွာလာလမ်ပူ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) မလေးရှားနိုင်ငံ၏ တောင်ပိုင်း Johorပြည်နယ်တွင် စာသင်ကျောင်း ၄၇၅ ကျောင်းကို ဓာတု ညစ်ညမ်းမှုကြောင့် သုံးရက် ပိတ်ပင်လိုက်ကြောင်း ဒေသအာဏာပိုင်များက ဇွန် ၂၅ ရက်က ကြေညာခဲ့သည်။
ဆန်တီရာဂို ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) ချီလီနိုင်ငံ မြောက်ပိုင်းတွင် သတ္တုတွင်း တူးဖော်သူ မိုင်းလုပ်သားများ တင်ဆောင်လာသည့် ဘတ်စ်ကား ပက်လက်လှန် တိမ်းမှောက်မှုကြောင့် အနည်းဆုံး မိုင်းလုပ်သား ၆ ဦး သေဆုံးကာ အခြား ၃၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက...
နယူးဒေလီ၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ဘက်၊ Odisha ပြည်နယ်တွင် ဇွန် ၂၅ ရက် ညနေဘက်က ခရီးသည်တင်ရထားရထား တစ်စီးသည် ရထားလမ်းပြုပြင်ထိန်းသိမ်းရေးယာဉ် နှင့် ခေါင်းချင်းဆိုင်တိုက်မိပြီး လမ်းချော်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းတာဝန်ရှိသူများက ပြောသည်။ (Xinhua)
နယူးဒေလီ၊ ဇွန် ၂၆ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၏ အိန္ဒိယအလည်အပတ်ခရီးစဉ်ကို ရာနှင့်ချီသော အိန္ဒိယပြည်သူများက နယူးဒေလီ မြို့လယ်ခေါင်တွင် ဇွန် ၂၅ ရက်က လှည့်လည်ဆန္ဒပြခဲ့ကြရာ အမေရိကန်၏ အရှေ့အလယ်ပိုင်း မူဝါဒ၊ ကုန်သွယ်ရေးကိုယ်ကျိုးစီးပွားကာကွယ်ရေးမူဝါဒနှင့် တစ်ဖက်သတ်မူဝါဒကို ပြစ်တင်ရှုံ့ချခဲ့ကြောင်း သိရသည်။