တူနစ် ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ အလယ်ပိုင်း Sidi Bouzid ပြည်နယ်ရှိ ကိုရမ်စာသင်ကျောင်းတစ်ကျောင်းကို ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အကြမ်းဖက်ဝါဒ အားပေးလှုံ့ဆော်မှု နှင့် လူကုန်ကူးမှု များတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲချက်တို့ဖြင့် ပိတ်သိမ်းလိုက်ကြောင်း တူနီးရှားပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။
ကော့ခ်ဘဇား ၊ ဒါကာ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်၏ အရှေ့တောင်ဘက် ၃၉၂ ကီလိုမီတာ တွင်ရှိသော နှစ်ရက်တာ ကျင်းပခဲ့သည့် စွန်လွှတ်ပွဲတော်သည် ကော့ဘဇားကမ်းခြေ ၌ ပြီးဆုံးသွားခဲ့ကြောင်း သိရသည်။
ပါရီ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း Savoieပြည်နယ် အရှေ့ပိုင်းရှိ နှင်းလျောစီးအပန်းဖြေစခန်းတစ်ခုတွင် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက ဆီးနှင်းပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒမက်စကက်စ်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ဆီးရီးယားနိုင်ငံ Aleppo ပြည်နယ် Aleppoမြို့တွင် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းက ငါးထပ်မြင့် အဆောက်အဦတစ်ခုလုံးပြိုကျမှုဖြစ်ပွားရာ ကလေးငယ် ၄ ဦး အပါအဝင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် SANAသတင်းအေဂျင်စီ ၏ သတင်းများအရသိရသည်။
အဘူဂျာ ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ၌ ဒုတိယသမ္မတ ယီမိအိုရှင်ဘာဂျို(Yemi Osinbajo) လိုက်ပါလာသော ရဟတ်ယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Kogi ပြည်နယ်၌ ဖေဖော်ဝါရီ ၂ ရက်က ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ၊ ဒုသမ္မတမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
ဖနွမ်းပင် ၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံအာဏာပိုင်များသည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလအတွင်း မူးယစ်ဆေးဝါးမှုဖြင့် လူပေါင်း ၁,၄၈၅ ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မူးယစ်ဆေးတိုက်ဖျက်ရေးဌာနက ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်၌ ယနေ့နံနက်ပိုင်းတွင် ရထားတစ်စင်းတိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။(Xinhua)
လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) လန်ဒန်မြို့ မြေအောက်ဘူတာရုံတစ်ခုတွင် ဖေဖော်ဝါရီလ ၁ ရက်က အမျိုးသမီးတစ်ဦး၏ စကပ်အောက်ပိုင်းကို ဓာတ်ပုံရိုက်ကူးမှုကြောင့် အမျိုးသားတစ်ဦး ပေါင် ၂,၀၀၀ ဒဏ်ငွေရိုက်ခံရကြောင်း သိရသည်။
ဟာဗာနား ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ကျူးဘား နိုင်ငံ အနောက်ပိုင်း ကောင်းကင်ပြင်တွင် ဥက္ကာပျံဟု ယူဆရသည့် အရာဝတ္ထု တစ်ခုသည် ဖေဖော် ဝါရီ ၁ ရက်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး Pinar del Rio ဒေသရှိ ဒေသခံများက ပြင်းထန်သော ပေါက်ကွဲမှု...
ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ မြောက်ပိုင်းရှိ စစ်သွေးကြွတပ်မှူးတစ်ဦး၏ နေအိမ်အနီး၌ ဖေဖော်ဝါရီလ ၁ ရက်က ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပွားခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သည်။