Connect with us

Africa & Middle East

ယီမင်ဟူတီသူပုန်များက ဆော်ဒီအာရေးဗျလေဆိပ်ကို ဦးတည်၍ ဒုံးကျည် ၁ဝ စင်းပစ်လွှတ်

ယီမင်နိုင်ငံရှိ ဟူတီသူပုန်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ဆန်နာ ၊ သြဂုတ် ၂၆ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ၏ ဟူတီသူပုန်များက ဆော်ဒီအာရေးဗျနိုင်ငံ Jizan လေဆိပ်သို့ဦးတည်၍ သြဂုတ် ၂၅ ရက် ညနေပိုင်းက ဒုံးကျည် ၁ဝ စင်းပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း အဆိုပါ သူပုန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Badr-1 ပဲ့ထိန်းဒုံးကျည် ၁ဝ စင်းကို ဆော်ဒီအာရေးဗျနိုင်ငံ Jizan ဒေသတွင်း လေဆိပ်သို့ဦးတည်ပစ်လွှတ်ခဲ့ကြောင်း ဟူတီ-လက်နက်ကိုင်အုပ်စုပိုင် Masirah ရုပ်သံမှတစ်ဆင့် ထုတ်ပြန်သော ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

“ တိုက်ခိုက်မှုဟာ Jizan လေဆိပ်ထဲက စစ်ဘက်လေယာဉ်တွေ နဲ့အပါချီရဟတ်ယာဉ်တွေကို ပစ်မှတ်ထားခဲ့တာပါ ” ဟု ဟူတီသူပုန်အုပ်စုပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။(Xinhua)