နယူးဒေလီ ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ ဝန်ကြီးချုပ် မိုဒီ က သြဂုတ်လ ၁၈ ရက် ၌ ပါကစ္စတန် နိုင်ငံ ဝန်ကြီးချုပ်သစ် Imran Khan ထံသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ ခဲ့ပြီး ထိရောက်...
ဝါရှင်တန် ၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က မိမိ အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း နှင့် တွေ့ဆုံဆွေးနွေးမှု ထပ်မံ ကျင်းပ ပြုလုပ်သွားဖွယ်ရှိကြောင်း သြဂုတ်လ ၂၀ ရက်...
ဂျကာတာ ၊ သြဂုတ် ၂၁ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ Lombok ကျွန်း၌ လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သော ငလျင်များကြောင့် သေဆုံးသူအရေအတွက်မှာ ၅ဝ၆ ဦးထိ မြင့်တက်သွားပြီ ဖြစ်ကြောင်း အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက သြဂုတ် ၂ဝ ရက်တွင် ပြောကြားခဲ့သည်။
ပဲရစ်၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ မြို့တော်ပဲရစ်အနီးရှိ Aubervilliersမြို့တွင် သြဂုတ် ၁၉ ရက် ညပိုင်းက မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက် ကလေးငယ် ၅ ဦးနှင့် အမျိုးသမီး ၂ ဦးမှာ...
မက်ဒရစ်၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ အရှေ့မြောက်ဒေသ ကက်တလိုနီးယားရှိ ရဲစခန်းတစ်ခုအား ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ၎င်းအမျိုးသားကို အခင်းဖြစ်ရာနေရာ၌ပင် အသေပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဒေသခံရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်တွင် ပြောကြားလိုက်သည်။ (Xinhua)
မက္ကဆီကို စီးတီး၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) နိုင်ငံတကာ ရဲတပ်ဖွဲ့ (Interpol) က ရှာဖွေနေသော ဆာလ်ဗေးဒေါနိုင်ငံသား ဝရမ်းပြေးတစ်ဦးအား မက္ကဆီကိုနိုင်ငံက ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း National Migration Institute (INM) က သြဂုတ်လ၂၉ ရက်က ပြောကြားလိုက်သည်။
ရောမ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ မြောက်ပိုင်း Genoa ရှိ ယာဉ်သွားလမ်းကုန်းတံတားကျိုးကျမှုတွင် ပိတ်မိနေသူများအား ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းမှာ သြဂုတ် ၁၉ ရက်တွင် အဆုံးသတ်ပြီဖြစ်ရာ သေဆုံးသူ ၄၃ ဦးရှိသည်ဟု နောက်ဆုံး အတည်ပြုခဲ့ကြောင်း သိရသည်။
အန်ကာရာ ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) တူရကီနိုင်ငံရှိ အမေရိကန်သံရုံး၌ ယနေ့သြဂုတ် ၂ဝ ရက် နံနက်ပိုင်းတွင် အမည်မသိ သေနတ်သမားတစ်ဦးက အကြိမ်ပေါင်းများစွာ ပစ်ခတ်မှုပြုလုပ်ခဲ့ပြီးနောက် သေဆုံးသူ (သို့မဟုတ်) ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးကြောင်း ဒေသမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။(Xinhua)
ဂျကာတာ၊ သြဂုတ် ၂၀ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ West Nusa Tenggaraပြည်နယ် Lombok ကျွန်းအနီးပင်လယ်ပြင်တွင် သြဂုတ် ၁၉ ရက် ညပိုင်းက ပြင်းအား ၇ အဆင့် ရှိ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ကြောင်း၊ လက်ရှိတွင် သေဆုံး ဒဏ်ရာရသူနှင့်ပျက်စီးဆုံးရှုံးမှုစာရင်းကို ထုတ်ပြန်ခြင်းမရှိသေးကြောင်း သိရသည်။
ရီယာ့ဒ် ၊ သြဂုတ် ၂ဝ ရက် (ဆင်ဟွာ) ပြင်းထန်သော လျှပ်စီးတိမ်တောင်များနှင့် မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် မက္ကာမြို့တော်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်ချေရှိကြောင်း ဆော်ဒီအာရေးဗီးယားနိုင်ငံ မိုလေဝသဌာနက သြဂုတ် ၁၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်ဟု Al Akhbariya ဒေသတွင်းရုပ်သံက သတင်းဖော်ပြခဲ့သည်။