Connect with us

Europe

G-7 ထိပ်သီးဆွေးနွေးပွဲကျင်းပနေစဉ် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွား


ဟန်ဒိုက်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

G-7 ထိပ်သီးဆွေးနွေးပွဲကို သြဂုတ် ၂၄ ရက်က လုံခြုံရေး ထူထပ်စွာချထားသည့် ပြင်သစ်နိုင်ငံ တောင်ပိုင်း ဘီရာရစ်ဇ်မြို့၌ စတင်ကျင်းပခဲ့ရာ ယင်းနေ့တွင်ပင် ဘီရာရစ်ဇ်မြို့၏ ၃၀ ကီလိုမီတာအကွာရှိ ဟန်ဒိုက်(Hendaye)တွင် G-7 အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲစတင်သည့် မနက်ပိုင်းတွင် ဆန္ဒပြသူများက ဟန်ဒိုက်(Hendaye)မှ စတင်၍ ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်ထွက်ခွာလာပြီး စပိန်မှလာသည့် ဆန္ဒပြလူစုနှင့် စုစည်းခဲ့ကြကြောင်းသိရသည်။

G-7 ထိပ်သီးဆွေးနွေးပွဲကျင်းပသည့် ပြင်သစ်နိုင်ငံ ဘီရာရစ်ဇ်မြို့အနီးရှိ ဟန်ဒိုက်တွင် ဖြစ်ပွား သည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

G-7 ထိပ်သီးဆွေးနွေးပွဲကျင်းပသည့် ပြင်သစ်နိုင်ငံ ဘီရာရစ်ဇ်မြို့အနီးရှိ ဟန်ဒိုက်တွင် ဖြစ်ပွား သည့် ဆန္ဒပြလှုပ်ရှားမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ဆန္ဒပြသူများက ရောင်စုံစာတန်း အလံများကို ကိုင်ဆောင်ကာ အချို့ကအရင်းရှင်ဝါဒကို ဆန့်ကျင်ခဲ့ကြကြောင်း၊အချို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရန်နှင့် ရာသီဥတုပြောင်းလဲလာမှုကို ဖြေရှင်းရန် တိုက်တွန်းခဲ့ကြကြောင်း နှင့် အချို့ လူ့အဖွဲ့အစည်းတွင် တရားမျှတမှုရှိစေရေးကို တောင်းဆိုခဲ့ကြကြောင်းသိရသည်။ ဆန္ဒပြသူများက G-7 “No” ဟူသော စာသားကို ဘာသာစကား ၁၀ မျိုးကျော်ဖြင့် ရေးသားထားသည့် စာတန်းရှည်ကြီးများကို ကိုင်ဆောင်က ဆန္ဒပြနေကြသည်ကို တွေ့ရသည်။

“ကျွန်တော်တို့ ကန့်ကွက်တာက ဗိုလ်ကျစိုးမိုးသည့် နိုင်ငံရေးကိုပါ။ G-7က လူကုံထုံအသိုင်းအဝိုင်းဖြစ်တယ်။ ”ဟု ဆန္ဒပြသူတစ်ဦးဖြစ်သည့် အာရန်ကာက ဆိုသည်။ အခြားဆန္ဒပြသူ အိုက်ဇာဂီရာကလည်း “G-7 အဖွဲ့ ခေါင်းဆောင်တွေက ရာသီဥတုပြောင်းလဲမှုနှင့် ဇီဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်မှုမှာ ထိရောက်တဲ့ဆောင်ရွက်မှုတွေမလုပ်ဆောင်ဘူး ။ သူတို့က ရေပေါ်ဆီအဖွဲ့အစည်း တစ်ခုပဲလေ”ဟု ဆိုသည်။

အဆိုပါဆန္ဒပြပွဲတွင် လူ ၉,၀၀၀ ကျော် ပါဝင်သည်ဟု ပြင်သစ်ရဲတပ်ဖွဲ့ခန့်မှန်းပြောကြားချက်အရ သိရသည်။ဆန္ဒပြပွဲကို စီစဉ်ဆောင်ရွက်သူများက လူ ၁၅,၀၀၀ ကျော် ပါဝင်ဆန္ဒပြကြသည်ဟု ဆိုသည်။

ဘီရာရစ်ဇ်မြို့နှင့်ပိုနီးသော ဘရွန်(Bayonne)တွင် ဆက်လက်ဆန္ဒပြလှုပ်ရှားမှုများလုပ်ဆောင်သွား မည်ဟု ဆန္ဒပြဦးဆောင်လှုပ်ရှားသူတစ်ဦးက ဆိုသည်။

ပြင်သစ်မီဒီယာများ၏ သတင်းများအရ ဘရွန်တွင် ရဲတပ်ဖွဲ့နှင့်ဆန္ဒပြသူများအကြား ပဋိပက္ခများဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့က မျက်ရေယိုဗုံးနှင့် မီးသတ်ရေပိုက်များကို အသုံးပြုခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.