ပို့မော့စ်ဘီ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ အဆိုတင်သွင်းသော ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်လုပ်ဆောင်မှုသည် တရုတ်နိုင်ငံ နှင့် ပစိဖိတ်ဒေသ ရှိ ကျွန်းနိုင်ငံများအကြား ပို၍ ပူးပေါင်းဆောင်ရွက်နိုင်မှု အခွင့်အလမ်းများကို ဖန်တီးပေးနေပြီး ကမ္ဘာ့စီးပွားရေးစနစ်အတွင်းသို့ ယင်းနိုင်ငံများ စုစည်းဝင်ရောက်နိုင်စေရန် လမ်းကြောင်းတစ်ခုကို ဖော်ဆောင်ပေးခြင်းဖြစ်သည်။
နိုင်ရိုဘီ၊ နိုဝင်ဘာ၂၁ ရက်(ဆင်ဟွာ) အမေရိကန်စစ်တပ်သည် နိုဝင်ဘာ ၁၉ ရက်က ဆိုမာလီယာနိုင်ငံအလယ်ပိုင်းရှိ အစွန်းရောက် အယ်လ်ရှာဘတ် လက်နက်ကိုင်များအား ပစ်မှတ်ထား၍လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လက်နက်ကိုင် ၃၇ ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်က နိုဝင်ဘာ ၂၀ ရက် တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
YAOUNDE ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ကင်မရွန်းနိုင်ငံ အနောက်တောင်ပိုင်း စစ်ဘေးဒဏ်ခံစားနေရသည့် အင်္ဂလိပ်ဘာသာစကားပြော ဒေသနှစ်ခုအနက် တစ်ခုရှိ Kumba မြို့ရှိ ပုဂ္ဂလိကကျောင်းတစ်ခုမှ ကျောင်းသားများနှင့် ဆရာတစ်ဦး အပါအဝင် ၁၅ ဦးအား ပြန်ပေးဆွဲခဲ့ကြောင်း ဒေသခံမျက်မြင်သက်သေများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။
နယူးဒေလီ ၊ နိုဝင်ဘာ၂၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ Odishaပြည်နယ်တွင် နိုဝင်ဘာ ၂၀ ရက်နေ့ ညပိုင်းက ဘတ်စ်ကားတစ်စီး တံတားအောက်ထိုးကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၂ ဦး သေဆုံးပြီး လူ ၄၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အိန္ဒိယ သတင်းမီဒီယာများ ဖော်ပြချက်များအရသိရသည်။
မော်စကို ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် အိန္ဒိယရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘော ၄ စင်းတည်ဆောက်ပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားနိုင်ငံ စစ်တပ် နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ ရုရှားမီဒီယာက နိုဝင်ဘာ ၂ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။
ကဘူးလ်၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်မြို့တော်ကဘူးလ် နိုဝင်ဘာ ၂၀ ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄၀ သေဆုံးပြီး လူ ၈၀ ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန် မီဒီယာများ၏ယင်းနေ့တွင် ထုတ်ပြန်သည့်သတင်း များအရ သိရသည်။
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် ပျက်ကျခဲ့သည့် လေ့ကျင့်ရေးလေယာဉ်တစ်စင်း၏ အပျက်အစီးများအကြား သေဆုံးသွားသည့် လူနှစ်ဦး၏ ရုပ်အလောင်းများအား တူရကီ ကယ်ဆယ်ရေးအဖွဲ့များက တွေ့ရှိခဲ့ကြောင်း ဒေသခံမီဒီယာက သတင်းဖော်ပြထားသည်။
ဆိုးလ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက မြို့တော် ဆိုးလ်တွင် အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး စီးပွားရေးသမားများနှင့် အစိုးရတာဝန်ရှိသူ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့တစ်ဖွဲ့က အသုံးမလို၍ စွန့်ပစ်သွားခဲ့သော ဖောက်ခွဲရေးပစ္စည်းများ နိုဝင်ဘာ ၂၀ရက်က ရုတ်တရက်ပေါက်ကွဲခဲ့ရာ လူ ၆ဦးသေဆုံးပြီး လူ ၉ဦး ဒဏ်ရာရရှိခဲ့ကြောင်း နောက်ဆုံးရသတင်းများအရ သိရသည်။
လော့စ်အိန်းဂျလိစ် ၊ နိုဝင်ဘာ ၂ဝ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ဒန်ဗာမြို့(Denver)တွင် နိုဝင်ဘာ ၁၉ ရက် ညနေပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြား လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။