Connect with us

Africa & Middle East

အီရန်နိုင်ငံကိုတိုက်ခိုက်လာလျှင် ဒေသအတွင်း မီးကုန်ယမ်းကုန်စစ်ပွဲကြီးတစ်ခုသို့ ဦးတည်စေလိမ့်မည် ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ် ဇာရစ်ဖ် အားတွေ့ရစဉ်။(ဆင်ဟွာ)

တီဟီရန်၊ စက်တင်ဘာလ ၂၀ ရက်(ဆင်ဟွာ)

အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ် ဇာရစ်ဖ် က အီရန်နိုင်ငံအပေါ်စစ်ရေးတိုက်ခိုက်မှုဖြစ်ပေါ် လာပါက ဒေသအတွင်း မီးကုန်ယမ်းကုန်စစ်ပွဲကြီးတစ်ခုသို့ ဦးတည်စေလိမ့်မည်ဖြစ်ကြောင်း စက်တင် ဘာလ ၁၉ ရက်ကသတိပေးပြောကြားခဲ့ပါသည်။

ဇာရစ်ဖ် က“ကျွန်တော်တို့နိုင်ငံကိုကာကွယ်ဖို့အတွက် အလွန်အရေးကြီးတဲ့ကြေညာချက်တစ်ခုကိုကျွန် တော်ပြုလုပ်နေတာပါ။ ကျွန်တော်တို့အနေနဲ့ စစ်ရေးအရထိပ်တိုက်ရင်ဆိုင်တွေ့ရမှုကို မလိုလားပါဘူး၊ အီရန်အနေနဲ့စစ်ပွဲကိုမလိုလားပါဘူး၊ဒါပေမယ့် နိုင်ငံကိုကာကွယ်ဖို့အတွက် ကျွန်တော်တို့နောက်တွန့် နေမှာမဟုတ်ပါဘူး၊အီရန်အပေါ်ဘယ်လိုတိုက်ခိုက်လာမှုကိုမှလက်မခံနိုင်ပါဘူး”ဟုပြောကြားခဲ့သည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံတွင် စက်တင်ဘာလ ၁၄ ရက်က ရေနံအဆောက်အအုံနှစ်ခုကို အကြမ်း ဖက်တိုက်ခိုက်မှုများတွင် အီရန်နိုင်ငံကနောက်ကွယ်မှပါဝင်နေကြောင်း အမေရိကန်နိုင်ငံနှင့် ဆော်ဒီ အာရေးဘီးယားနိုင်ငံ တို့၏စွပ်စွဲချက်များအား ဇာရစ်ဖ် က ဝေဖန်ပြောကြားခဲ့သည်။

ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်းပြောခဲ့ကြသည်။သို့ ရာတွင် အမေရိကန်နိုင်ငံနှင့်ဆော်ဒီ အာရေးဘီးယားနိုင်ငံ တို့ကအကြမ်းဖက်မှုတွင်အသုံးပြုသောလက် နက်များမှာ အီရန်နိုင်ငံလုပ် ဖြစ်ကြောင်း နှင့်အကြမ်းဖက်မှုတွင် အီရန်နိုင်ငံကနောက်ကွယ်မှ ပါဝင်နေ ကြောင်း ပြောကြားခဲ့ကြသည်။

သို့ရာတွင် အမေရိကန်နိုင်ငံနှင့်ဆော်ဒီအာရေးဘီးယားနိုင်ငံ တို့က ဆော်ဒီအာရေးဘီးယားနိုင်ငံ၏ရေနံ အထွက်ကို ထက်ဝက်ထိ ထိခိုက်စေခဲ့သော အကြမ်းဖက်မှုအပေါ်မည်သို့တုံ့ပြန်မည်ကို မဆုံးဖြတ်ကြ သေးကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.