ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ပရီတိုးရီးယားမြို့ Mountain View ဘူတာတွင် ဇန်နဝါရီ ၈ ရက်က ခရီးသည်တင် ရထားချင်းတိုက်မိမှုဖြစ်ပွားရာ လက်ရှိအချိန်ထိ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူ ၃၀၀ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဆိုးလ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံ၏ အလုပ်လက်မဲ့နှုန်းမှာ ၁၇ နှစ်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပြီး အလုပ်အကိုင်ဖန်တီးနိုင်မှု တိုးတက်ခြင်းအနေဖြင့် ကိုးနှစ်ဆက်တိုက်နိမ့်ကျနေကြောင်း ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ပြန်လိုက်သော အစိုးရ အစီရင်ခံစာ၌ ဖော်ပြထားသည်။
လန်ဒန်၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) Brexit သဘောတူညီချက် မဲခွဲဆုံးဖြတ်မှုကို ဇန်နဝါရီ ၁၅ ရက်တွင် အောက်လွှတ်တော်၌ ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် အိမ်တော်က ဇန်နဝါရီ ၈ ရက်တွင် အတည်ပြု ပြောကြားခဲ့ သည်။
ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က တရုတ်နိုင်ငံသို့မြောက်ကိုရီးယားနိုင်ငံထိပ်တန်း ခေါင်းဆောင် ကင်ဂျုံအမ် သွားရောက် လည်ပတ်သည့် ခရီးစဉ်အပေါ် ကြိုဆိုကြောင်း ဇန်နဝါရီ ၈ ရက်တွင်ပြောကြားခဲ့ပြီး ယင်းမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် တစ်စုံတစ်ရာပူးပေါင်းဆောင်ရွက်မှုဖြစ်မည်ဟု မျှော်လင့်ကြောင်းဆိုခဲ့သည်။
ကိဗ်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ တွင် နှင်းမုန်တိုင်းတစ်ခုကြောင့် မော်တော်ယာဉ်များအတွင်း ပိတ်မိနေသည့် လူ ၆၀၀ ကျော်ကို လွန်ခဲ့သည့် ၂၄နာရီ အတွင်း ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် အရေးပေါ်အခြေအနေများ ဌာန က ဇန်နဝါရီ ၈ရက်တွင်ပြောကြားခဲ့သည်။
ဂါဇာ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသရှိ ဟားမတ်စ်တို့၏ အစိုးရ ပြည်ထဲရေးဝန်ကြီးဌာန က အစ္စရေးတို့အား ပူးပေါင်းကူညီခဲ့သော ပါလက်စတိုင်း ၄၅ဦးအား နိုဝင်ဘာလ မှစ၍ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဇန်နဝါရီ ၈ ရက် ကကြေညာခဲ့သည်။
အန်ကာရာ ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ အီဗရာဟင် ကာလင် (Ibrahim Kalin) က အမေရိကန် နိုင်ငံ မှ ဆီးရီးယား နိုင်ငံ ရှိ တပ်ဖွဲ့ဝင် များအား ပြန်လည် ရုပ်သိမ်းချိန်တွင် ယခင်...
ဘန်ကောက် ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) အသက် ၁၈ နှစ်အရွယ် ဆော်ဒီအာရေးဗီးယားအမျိုးသမီးငယ်တစ်ဦးကို တတိယနိုင်ငံတစ်ခုသို့မထွက်ခွာမီအချိန်ထိ ထိုင်းနိုင်ငံ၌ ယာယီနေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ထိုင်းရဲချုပ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တိုကျို ၊ ဇန်နဝါရီ ၉ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကျူရှူးကျွန်း(Kyushu) ၏ တောင်ဘက်စွန်းပိုင်းတွင် တည်ရှိသော ကာဂိုရှီးမားစီရင်စု(Kagoshima) ၌ ဇန်နဝါရီ ၈ ရက်က ပြင်းအား ၆.၄ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးဇလအေဂျင်စီ(JMA) က ဆိုသည်။
ဖနွမ်းပင်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ဘက် ၊နယ်စပ်မြို့၏ ၁၈ ထပ်ရှိသည့် လောင်းကစားရုံ(casino )တစ်ခုတွင် ဇန်နဝါရီလ ၇ ရက်ညဘက်၌ ဓာတ်လှေကားမှ စတင်သည့် မီးလောင်ကျွမ်းမှု ၌ လူ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦးက ဇန်နဝါရီ လ ၈...