Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ သတ္တုတွင်းပြိုကျ တွင် ၃ဦးသေဆုံးကာ ၁ ဦးပျောက်ဆုံးမှုဖြစ်ပွား

အင်ဒိုနီးရှားနိုင်ငံရှိ သတ္တုတွင်းလုပ်ကွက်တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ဂျာကာတာ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၊ Bangka Belitung ပြည်နယ်တွင် ခဲမဖြူသတ္တုတွင်းပြိုကျမှုဖြစ်ပွားပြီးနောက် တစ်ဦးထက်ပိုသော ရုပ်လောင်းများကို ဇူလိုင် ၂၈ ရက်တွင် ထုတ်ယူနိုင်ခဲ့ကာ ၎င်းဖြစ်စဉ်တွင် အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ပြီး တစ်ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာအေဂျင်စီက တရားဝင်ပြောကြားခဲ့သည်။

Belitung Timur ပြည်နယ်၊ Silingsing ကျေးရွာတွင် တည်ရှိသော အင်ဒိုနီးရှားနိုင်ငံသားပိုင်ကုမ္ပဏီဖြစ်သည့် PT Timah ပိုင် ခဲမဖြူမိုင်းတွင်း က ဇူလိုင် ၂၈ရက်တွင်ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ဘေးအန္တရာယ်စီမံခန့်ခွဲရေးရုံးချုပ် ၏ ရုံးခွဲဖြစ်သော ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာန က Aswind Abu Nawar ကပြောသည်။

“တောင်ကုန်းတစ်ခုရဲ့ သဲတွေ က ရုတ်တရက်ပြိုကျပြီး အလုပ်လုပ်နေတဲ့ နေရာမှာ မှာ ရှိတဲ့ မိုင်းလုပ်သား၁၀ယောက်ထဲက ၄ ယောက်က မြေကျင်းထဲကို ပြုတ်ကျပြီးမြေတွေ ပိသွားခဲ့တယ်’’ ဟု ၎င်းက ဆင်ဟွာကို တယ်လီဖုန်းထဲကတစ်ဆင့်ပြောသည်။

အဆိုပါမိုင်းလုပ်သားများသည် ၎င်းကုမ္ပဏီတွင် ဖက်စပ်အလုပ်လုပ်နေကြသူများဖြစ်သည်။ ၎င်းတို့သည် ကုမ္ပဏီမိုင်းလုပ်ကွက် တွင် အလုပ်လုပ်ကြပြီး ၎င်းတို့ ရှာဖွေရသမျှအားလုံးအား ကုမ္ပဏီ သို့ ပြန်လည်ရောင်းချကြရကြောင်း Aswind ကဆိုသည်။

ရှာဖွေရေး နှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင် ၂၇ ရက် မှ စတင်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင် ၂၉ ရက် တွင် ကယ်ဆယ်ရေးများဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ ကယ်ဆယ်ရေးနှင့် ရှာဖွေရေးရုံးမှလူများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီရုံးနှင့် စေတနာ့ဝန်ထမ်းများက ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.