Connect with us

North America

အမေရိကန် နိုင်ငံ၌ ပစ်ခတ်မှု ဖြစ်ပွား ၊ လူနှစ်ဦး သေဆုံး

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ်၌ ပစ်ခတ်မှု ဖြစ်ပွားရာ ဈေးဝယ်စင်တာအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဝါရှင်တန် ၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

အမေရိကန် နိုင်ငံ မစ္စစ္စပီ ပြည်နယ်၌ ဇူလိုင် ၃၀ ရက်က ဖြစ်ပွားခဲ့သော ပစ်ခတ်မှု တစ်ခု အတွင်း လူ နှစ်ဦး သေဆုံးခဲ့ကာ ရဲအရာရှိ တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုသည် မစ္စစ္စပီ ပြည်နယ် ၊ Southaven မြို့ရှိ Walmart ဈေးဝယ်စင်တာ၌ ဒေသစံတော်ချိန် နံနက် ၆ နာရီခွဲ နှင့် ၆ နာရီ ၊ မိနစ် ၄၀ အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူ နှစ်ဦးမှာ စတိုးဆိုင် အလုပ်သမားများဟု ယူဆရပြီး ရဲတပ်ဖွဲ့များ ရောက်ရှိချိန်တွင် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

တရားခံအား ပစ်ခတ် ဖမ်းဆီးခဲ့ပြီး ၎င်းအား နီးစပ်ရာ ဆေးရုံသို့ပို့ဆောင် ပေးထားကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

Southaven မြို့တော်ဝန် Darren Musselwhite က အဆိုပါ အကြမ်းဖက်မှု နှင့် ပတ်သတ်၍ လွန်စွာ ဝမ်းနည်း မိသကဲ့သို့ဒေါသလည်း ထွက်ရကြောင်း ၎င်း၏ တွစ်တာ စာမျက်နှာပေါ်တွင် ရေးသားခဲ့ပြီး သေဆုံံးခဲ့ရသူ၏ မိသားစုဝင်များနှင့် မိတ်ဆွေများထံ ဝမ်းနည်းကြောင်း စာလွှာ ပေးပို့ခဲ့သည်။

သေနတ် သမား အဖြစ် သံသယရှိသူမှာ ၎င်း၏ အလုပ်ရှင်နှင့် ဆက်ဆံရေး အဆင်မပြေဘဲ လုပ်ငန်းတွင် မပျော်မရွင် ဖြစ်နေသော အလုပ်သမား တစ်ဦး ဖြစ်ကြောင်း သတင်းများ အရ သိရသည်။(Xinhua)