Connect with us

North America

ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းတွင် ပွဲတော်တစ်ခုအတွင်း သေနတ်ပစ်ခတ်မှုကြောင့် လူ ၄ ဦးသေဆုံး၊ ၁၅ ဦး ဒဏ်ရာရ

Gilroy Garlic Festival ပွဲတော်မြင်ကွင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆန်ဖရန်စစ္စကို၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မြောက်ပိုင်းရှိ Gilroy ကြက်သွန်ဖြူပွဲတော် (Gilroy Garlic Festival) နှစ်ပတ်လည်အခမ်းအနား၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၄ ဦးသေဆုံးပြီး အခြားလူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Gilroy ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပွဲတော်လာသူများက အခင်းဖြစ်ပွားရာနေရာမှ ကြောက်လန့်တကြား ထွက်ပြေးနေကြပြီး ပုန်းခိုရန်နေရာများ ရှာဖွေနေသည်ကို ရိုက်ကူးထားသည့် ဗီဒီယိုအား လူမှုမီဒီယာပေါ်တွင် ပြသထားသည်။

သေနတ်သမားက ဆီမီးအော်တိုရိုင်ဖယ်သေနတ်ဖြင့် လူများအား ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက ပြောခဲ့သည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ဆက်နွယ်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းမိခဲ့ခြင်းမရှိကြောင်း သိရသည်။

ဇူလိုင်လ ၂၈ ရက်သည် သုံးရက်ကြာ ကျင်းပသည့် ပွဲတော်၏ နောက်ဆုံးရက်ဖြစ်ကြောင်း၊ ကြက်သွန်ဖြူချစ်သူများစွာအား မကြာခဏဆွဲဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.