Connect with us

Europe

သဘောတူညီမှုတစ်စုံတစ်ရာမရှိဘဲ ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်မည့် အခြေအနေကြောင့် စတာလင်ပေါင်ငွေတန်ဖိုးများ ကျဆင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွင် ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်က Brexit အရေး အလံများ ဝှေ့ယမ်းဆန္ဒပြနေသည် တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ ဇူလိုင် ၃၁ ရက်(ဆင်ဟွာ)

ပြီးခဲ့သော အပတ်က ဘောရစ်ဂျွန်ဆင်(Boris Johnson) ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ဥရောပသမဂ္ဂမှ ဗြိတိန် သဘောတူညီချက်မဲ့ နုတ်ထွက်မည့် အခြေအနေ ပိုများလာရာ ယခုရက်ပိုင်းများအတွင်း တာလင်ပေါင်တန်ဖိုး ဆက်တိုက်ထိုးကျနေပြီး အနိမ့်ဆုံး စံချိန်သစ်ကို ရောက်ရှိခဲ့ကြောင်း သိရသည်။

ဇူလိုင် ၃၀ ရက်တွင် ပေါင်ငွေလဲလှယ်မှုမှာ စတာလင် ၁ ပေါင်လျှင် အမေရိကန်ဒေါ်လာ ၁.၂၁ ခန့်အထိ ကျဆင်းခဲ့ရာ ၂ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံး ဖြစ်ခဲ့သည်။ တချိန်တည်းမှာပင် ယူရိုငွေ၊ ဂျပန်ယန်းငွေ စသည့် ငွေလဲဈေးနှုန်းများလည်း ကျဆင်းခဲ့သည်။ ဘောရစ်ဂျွန်ဆင်ဗြိတိန်ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် စတာလင်ပေါင်ငွေလဲလှယ်နှုန်းသည် ၂.၄ ရာခိုင်နှုန်း နီးပါး ကျဆင်းခဲ့ရာ ယခုနှစ် ဇူလိုင်လသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလ နောက်ပိုင်း ကာလတစ်လျှောက် အဆိုးဆုံး အခြေအနေနီးပါးဖြစ်ခဲ့ပါသည်။

ဘောရစ်ဂျွန်ဆင်က အောက်တိုဘာ ၃၁ ရက်မတိုင်မီ ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် လုပ်ဆောင်သွားမည်ဟု အကြိမ်ပေါင်းများစွာ အလေးအနက်ထားပြောကြားခဲ့ရာ ဈေးကွက်လေ့လာသူအချို့က ယင်းကိစ္စကြောင့် ယခုကာလများတွင် စတာလင်ပေါင်တန်ဖိုးများအပေါ် ဆက်လက် ထိခိုက်နိုင်မည်ဟု မှတ်ချက်ပေးနေကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.