Connect with us

Europe

ဂျာမနီနိုင်ငံ၊ဖရန့်ဖွတ်မြို့ ဘူတာရုံ၌ရထားလာနေစဉ် သံလမ်းပေါ်လူတစ်ဦးကတွန်းချ ၍ ယောင်္ကျားလေးတစ်ဦးရထားကြိတ်သေဆုံး

ဂျာမနီနိုင်ငံ၊ဖရန့်ဖွတ်မြို့ ဘူတာရုံ အားတွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ ဇူလိုင်လ ၃၀ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံ၊ဖရန့်ဖွတ်မြို့ ရထားဘူတာရုံ၌ မိခင်ဖြစ်သူနှင့်အတူရပ်နေသော ရှစ်နှစ်အရွယ်ယောင်္ကျား လေးတစ်ဦးမှာ ရထားလာနေစဉ် လူတစ်ဦးကအနောက်မှရထားလမ်းပေါ်သို့ တွန်းချလိုက်မှုကြောင့် ရထားကြိတ်ကာသေဆုံးခဲ့ရမှုတစ်ရပ် ဇူလိုင် ၂၉ ရက် နံနက်ကဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါလူက မိခင်နှင့်ကလေးနှစ်ဦးစလုံးကိုရထားသံလမ်းပေါ်တွန်းလိုက်ရာတွင် မိခင်ဖြစ်သူက၎င်း ကိုယ်၎င်းသာ သံလမ်းပေါ်မကျစေရန်ထိန်းသိမ်းလိုက်နိုင်ပြီး ဆေးရုံသို့ပို့ခဲ့ရကြောင်းရဲတပ်ဖွဲ့ကပြော ကြားခဲ့သည်။သံသယရှိရသူအမျိုးသားကိုလည်း ဘူတာရုံ၌ပင်ဖမ်းဆီးမိခဲ့ကြောင်းသိရသည်။

ထိုဖြစ်ရပ်ကြောင့် ဖရန့်ဖွတ်ဘူတာရှိ ရထားသံလမ်း ၂၄ ခု အနက် ခြောက်ခုအားယာယီပိတ်ထားခဲ့ရပြီး ရထားပေါင်းများစွာနှောင့်နှေးမှုဖြစ်ခဲ့ရသည်။ရဲတပ်ဖွဲ့၌ပြောကြားချက်အရ အသက် ၄၀ နှစ်ရှိအဆိုပါသံ သယ ရှိရသူအမျိုးသားနှင့် ဓါးစာခံ သားအမိတို့အကြားတစ်စုံတစ်ရာဆက်စပ်မှုကို မတွေ့ရှိရကြောင်း သိရသည်။ထိုလူကအခြားတစ်ယောက်ကိုလည်းအလားတူရထားသံလမ်းပေါ်တွန်းချရန်ကြိုးစားခဲ့သေး သော်လည်းမအောင်မြင်ခဲ့ကြောင်းသိရသည်။

ရဲတပ်ဖွဲ့က ထိုသို့ပြုလုပ်ခြင်း၏အကြောင်းရင်းနှင့် ထိုသူ၏ နောက်ခံသမိုင်းကိုလည်းစုံစမ်းစစ်ဆေးနေ ကြောင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ကပြောခဲ့သည်။ ဂျာမနီနိုင်ငံ မြောက်ရွိုင်း-ဝက်စ်ဖါလီယန် ဒေသရှိ ဗိုအာဒီမြို့(Voerde) ရှိရထားဘူတာရုံတွင်လည်း ရထားလာနေစဉ်ထိုကဲ့သို့တွန်းချခြင်းခံရ၍ အသက် ၃၄ နှစ်ရှိအမျိုးသမီးတစ်ဦး ဇူလိုင်လဆန်းကသေဆုံးခဲ့ရသေးသည်။(Xinhua)