ဂျကာတာ၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း Sulawesi ပြည်နယ်တွင် ငလျင်များနှင့် ဆူနာမီဖြစ်ပွားမှုကြောင့် နေရပ်ရွှေ့ပြောင်းနေရသူများအတွက် ယာယီအခြေချနေထိုင်ရန် တဲရှင်ပေါင်းများစွာ လိုအပ်နေကြောင်း အဆင့်မြင့် အရာရှိတစ်ဦးက အောက်တိုဘာလ ၁၇ ရက်တွင် ပြောကြားလိုက်သည်။
တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တန်ဇန်းနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း Geita ဒေသ ရှိ မူလတန်းကျောင်း တစ်ခုကို အောက်တိုဘာ ၁၈ ရက်တွင် မိုးကြိုးပစ်ခတ်ခဲ့ရာ အနည်းဆုံး ကျောင်းသား ၆ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ဆားဘီးယားနိုင်ငံ သည် အီရန်နိုင်ငံသားများအတွက် ဗီဇာစနစ်ကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် အီရန်နိုင်ငံသည် ဆားဘီးယားနိုင်ငံသားအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း Tehran Times သတင်းစာက အောက်တိုဘာ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။
ပါရီ ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) နိုင်ငံတကာရဲတပ်ဖွဲ့(အင်တာပိုလ်)သည် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စစ်ဆင်ရေးအတွင်း သံသယရှိသူ ၁၃ဝဝ ကျော်ကို ထိန်းသိမ်းခဲ့ပြီး မတူကွဲပြားသော မူးယစ်ဆေးဝါးများ စုစုပေါင်း ၅၅ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ကိဗ် ၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) ခရိုင်းမီးယားဒေသ Kerch မြို့ရှိကောလိပ်ကျောင်းတစ်ခု၌ အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၁၉ ဦးသေဆုံးကြောင်း ၊ အများစုမှာ ဆယ်ကျော်သက်များဖြစ်ကြောင်း နှင့် အခြား လူ ၄ဝ ခန့်ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက...
ကိဗ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံ အလယ်ပိုင်း ၌ အောက်တိုဘာ ၁၆ရက်က လေ့ကျင့်ပျံသန်းမှု တစ်ခုအတွင်း Su-27 တိုက်ဂျက်လေယာဉ် တစ်စီး ပျက်ကျခဲ့ရာ လေယာဉ်မှူး ၂ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းစစ်တပ် ဦးစီးချုပ် က ဖေ့ဘွတ်စာမျက်နှာ တွင် ရေးသားခဲ့သည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) ယီမင်တွင်ဖြစ်ပွားနေသော စစ်ပွဲတစ်ခုတွင် ပါဝင်သည့် ဆော်ဒီဦးဆောင်သော ညွှန့်ပေါင်းတပ်ဖွဲ့ သည် ယီမင်နိုင်ငံ၏ ပိုင်နက်နယ်မြေ အတွင်းမှ လမ်းမိုင်း ၂,၀၂၀ ကျော်ကို ဖယ်ရှားပေးခဲ့သည်ဟု အောက်တိုဘာ ၁၆ရက်က ကြေညာခဲ့ကြောင်း Al AKhbariya ပြည်တွင်းရုပ်သံလိုင်းက ဖော်ပြခဲ့သည်။
ဘရပ်ဆဲလ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် အောက်တိုဘာ ၁၆ ရက်တွင် အလုပ်သဘောခရီးစဉ်အဖြစ် ဘယ်လ်ဂျီယံနိုင်ငံသို့ ရောက်ရှိလာပြီး ၁၂ကြိမ်မြောက် အာရှ-ဥရောပ တွေ့ဆုံမှု (ASEM) ထိပ်သီးညီလာခံအား တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။
မနီလာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မီးတောင် နှင့် ငလျင်ဌာန (Phivolcs) က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း Zamboanga del Norte ပြည်နယ် တွင် အောက်တိုဘာ ၁၆ ရက်က အင်အား ၅.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ရီယတ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံတွင် Hawk အမျိုးအစား လေတပ်ဂျက်လေယာဉ်တစ်စင်းပျက်ကျခဲ့ရာ လေယာဉ်ဝန်ထမ်းများအားလုံး သေဆုံးသွားခဲ့ကြောင်း အောက်တိုဘာလ ၁၆ ရက်တွင် ကြေညာလိုက်သည်။