လော့စ်အိန်းဂျလိစ် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း ဆန်တာခရုကျွန်း(Santa Cruz) ကျွန်း၌ ရေငုပ်သမားများအသုံးပြုသည့် မော်တော်ဘုတ်လှေတစ်စီး မီးလောင်မှုဖြစ်ပွားရာ လူ ၈ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုထားပြီး ရုပ်အလောင်း ၄ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။
တီဟီရန် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) အီရန်နိုင်ငံရေတပ်က ဒုံးကျည်ပစ်လွှတ်နိုင်သော စစ်သင်္ဘောများ နှင့် စစ်ရဟတ်ယာဉ်များ ပါဝင်သော ရေတပ်စစ်ရေးလေ့ကျင့်မှုကို ယနေ့စက်တင်ဘာ ၂ ရက်တွင် ကက်စပီယန်ပင်လယ်၌ ဒုတိယနေ့အဖြစ် အဆက်လက်ပြုလုပ်လျက်ရှိကြောင်း Tasnim သတင်းအေဂျင်စီက ဆိုသည်။
ဘာလင် ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဂျာမနီ နိုင်ငံ မြို့တော် ဘာလင်မြို ့ရှိ တိရစ္ဆာန်ရုံ တစ်ရုံ၌ ယနေ့(စက်တင်ဘာ ၂ ရက်)နံနက်ပိုင်းတွင် တရုတ် ပန်ဒါ ဝက်ဝံ သားပေါက် နှစ်ကောင်ကို ပထမဆုံး အကြိမ် မွေးဖွားခဲ့ကြောင်း Tierpark Berlin တိရစ္ဆာန်ရုံ၏...
မနီလာ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းတွင် စက်တင်ဘာ ၁ ရက် ညနေပိုင်းက လေယာဉ်ငယ်တစ်စီး ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဖိလစ်ပိုင် လေကြောင်းပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ယင်းနေ့တွင် ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၈ ဦးအနက် ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဆန်နာ ၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ) ယီမင်နိုင်ငံ အလယ်ပိုင်း Dhamar ပြည်နယ်ရှိ ထိန်းသိမ်းရေးစခန်းတစ်ခုအား ဆော်ဒီဦးဆောင်သောတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူ အနည်းဆုံး ၁၃ဝ ဦးရှိခဲ့ကြောင်း နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) က စက်တင်ဘာ ၁ ရက် ညပိုင်းတွင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နယူးယောက်၊ စက်တင်ဘာ ၂ ရက် (ဆင်ဟွာ) ဖီဂျီနိုင်ငံ၊ Ndoi ကျွန်း၏ အရှေ့မြောက်ဘက် ၄၁ ကီလိုမီတာ အကွာတွင် စက်တင်ဘာ ၁ရက် ၊ ဂရင်းနစ်စံတော်ချိန် ၁၅း၅၄း၂၀နာရီ တွင် အင်အား ၆.၅ အဆင့်ရှိသည့် ငလျင်တစ်ခုလှုပ်ရှားခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးဌာနက ပြောသည်။
လန်ဒန်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ဗြိတိန်လွှတ်တော် ဆိုင်းငံ့မှုထားရန် ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်၏ လုပ်ဆောင်ချက်အပေါ် ဆန့်ကျင်ဆန္ဒပြမှုများ ဗြိတိန်နိုင်ငံ နေရာအနှံ့အပြားတွင် သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကဘူးလ်၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Kunduz ပြည်နယ် Kunduz မြို့တွင် သြဂုတ် ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ ဦးနှင့် သတင်းထောက် ၁ ဦး သေဆုံးခဲ့ကြောင်း အာဖဂန် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယင်းနေ့တွင်ပြောကြားခဲ့သည်။
မက္ကဆီကို စီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကို နိုင်ငံ အရှေ့ပိုင်းရှိ ဘားတစ်ခုတွင် သြဂုတ်လ ၂၇ ရက်က ဖြစ်ပွားခဲ့သော မီးရှို့တိုက်ခိုက်မှု အတွင်း သေဆုံးသူ အရေအတွက်မှာ ၃၀ ဦး အထိ ရှိလာခဲ့ကြောင်း ဒေသ အာဏာပိုင်များက သြဂုတ် ၃၁...
ပါရီ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ) ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း ဗီလာဘန်း(Villeurbanne) မြို့တွင် သြဂုတ် ၃၁ ရက် ညနေပိုင်းက ဓားကိုင်အကြမ်းဖက်မှုတစ်ခုဖြစ်ပွားရာ လူ ၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရခဲ့ကြောင်း ပြင်သစ်မီဒီယာများ၏ ယင်းနေ့တွင်ထုတ်ပြန်သည့် သတင်းများအရ သိရသည်။