Connect with us

Eastern Europe

မော်စကိုလေဆိပ်၌် လေယာဉ်တစ်စီးစတင်ထွက်ခွာစဉ် လေယာဉ်မှူးအခန်းတွင်းမှ မီးခိုးများထွက်ရှိ

မော်စကိုမြို့ရှိ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်အားတွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၁၉ရက် (ဆင်ဟွာ)

ဇူလိုင် ၁၉ ရက်တွင် ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ် မှ အာမေးနီးယားနိုင်ငံ ၏ မြို့တော် ရီရယ်ဗန် သို့ ဦးတည်ပျံသန်းမည့် လေယာဉ်တစ်စီး၏ လေယာဉ်မှူးအခန်းတွင်း မှ မီးခိုးများထွက်ရှိပြီးနောက် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခဲ့ကြောင်း Sputnik သတင်းဌာန က သတင်းဖော်ပြခဲ့သည်။

အဆိုပါဘိုရင်း ၇၄၇ လေယာဉ် ပေါ်တွင် ခရီးသည် ၁၈၇ဦး ပါရှိပြီး လေယာဉ်မတော်တဆမှုဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသည့် ခရီးသည် ၈ ဦးအပါအဝင် ခရီးသည်အားလုံးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း မော်စကိုဒေသအတွက်ရုရှားအရေးပေါ်ဝန်ကြီးဌာနရုံးခွဲက Sputnik ကိုပြောသည်။

“လေယာဉ်တက်ဖို့ ရှေ့ကို ဖြည်းဖြည်းချင်းရွေ့လျားနေချိန်မှာ မီးခိုးထွက်တယ်ဆိုတဲ့ အချက်ပြမှု ကို သတိပြုမိပြီး လေယာဉ်မှူးအခန်းထဲက အချက်ပြမှုကို လက်ခံရရှိခဲ့တယ်။အဲ့ဒီ့အချိန်မှာ လယာဉ်ပျံကိုရေတန့်ခဲ့ပြီး ခရီးသည်တွေကို အရေးပေါ်လှေကားနဲ့ ဘေးလွတ်ရာ လေဆိပ်ဂိတ် F ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အရံလေယာဉ် ကို အခုပြင်ဆင်နေပါတယ်’’ ဟု ရုရှားအရေးပေါ်ဝန်ကြီးဌာန က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက Sputnik ကိုပြောသည်။

ထိုမတော်တဆဖြစ်ပွားမှုအခြေအနေနှင့် အကြောင်းအချက်အလက်များ ကို စုံစမ်းရန် အထူးကော်မရှင် ဖွဲ့၍ ဆောင်ရွက်မည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးဖက်ဒရယ်အေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.