ပဲရစ် ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ပြင်သစ် နိုင်ငံ သတင်း မီဒီယာ ၏ ဖော်ပြချက်အရ နိုင်ငံ တောင်ပိုင်း Aude ပြည်နယ် တွင် အောက်တိုဘာ ၁၅ ရက် ညနေပိုင်း အချိန် ၌ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွား...
အစ္စတန်ဘူလ် ၊ အောက်တိုဘာ ၁၆ ရက်(ဆင်ဟွာ) ပျောက်ဆုံးနေသော ဆော်ဒီသတင်းထောက် Jamal Khashoggi အား ရှာဖွေရန် တူရကီနိုင်ငံမှ အဖွဲ့တစ်ခုသည် အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီအာရေးဗီးယားကောင်စစ်ဝန်ရုံးဝင်းထဲသို့ အောက်တိုဘာ ၁၅ ရက်ညနေက ဝင်ရောက်သွားခဲ့ကြောင်း ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ တောင်ပိုင်း Bengaluru မြို့ရှိ စာသင်ကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်သည် ၎င်း၏ ရုံးခန်းအတွင်း၌ အသတ်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
တီဟီရန်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အီရန်နိုင်ငံအနေဖြင့် နိုင်ငံ၏အကျိုးအမြတ်နှင့်လုံခြုံရေးအတွက် လိုအပ်ပါက အီရန်နျူကလီးယား သဘော တူညီချက်မှ အချိန်မရွေးနုတ်ထွက်နိုင်သည်ဟု အီရန်သမ္မတ Hassan Rouhaniက ပြောကြားခဲ့ ကြောင်း သိရသည်။
ကဘူးလ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း ပြည်နယ် ၂ခုတွင် လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အနည်းဆုံး IS စစ်သွေးကြွ ၇ဦး သေဆုံးခဲ့ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားခဲ့သည်။
ဒမက်စကက်စ်၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) ဆီးရီးယား-ဂျော်ဒန် နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် Nasib-Jaber နယ်စပ်ဝင်ထွက်ဂိတ်ကို အောက်တိုဘာ ၁၅ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် နှစ်ဖက် သဘောတူခဲ့ကြောင်း ဆီးရီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Muhammad al-Sha’ar က အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
ဒါကာ၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Chattogram မြို့တွင် အောက်တိုဘာလ ၁၄ ရက် အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မိသားစုတစ်စုအတွင်းမှ ၃ ဦးအပါအဝင် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဘာလင်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အလယ်ပိုင်း Hesse ပြည်နယ် ရှိ Wasserkuppe တောင်ပေါ်၌ အောက်တိုဘာ ၁၄ ရက်က လေယာဉ်ငယ်တစ်စီး ဆင်းသက်ရန်ကြိုးစားစဉ် လူအုပ်ထဲသို့ ပျက်ကျခဲ့ရာ လူ၃ဦးသေဆုံးပြီး အခြားလူ ၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းကဖော်ပြခဲ့သည်။
ကဘူးလ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Farahပြည်နယ် ရှိ လုံခြုံရေးစစ်ဆေးရေးဂိတ်များကို တာလီဘန်လက်နက်ကိုင်များက ဝင်ရောက်တိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်မီဒီယာများ၏ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်သည့် သတင်းများအရ...
လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် ဘတ်စ်ကားတစ်စီးအပါအဝင် ယာဉ်အများအပြား ဆင့်တိုက်မိ၍ အနည်းဆုံး လူ ၄၀ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၅ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း ဒေသခံအာဏာပိုင်များက အောက်တိုဘာ ၁၄ ရက်တွင်ပြောကြားခဲ့သည်။