Connect with us

Africa & Middle East

နိုင်ဂျီးရီးယား နိုင်ငံ အလယ်ပိုင်း တွင် အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူ ၁၄ ဦး သေဆုံး

၂၀၁၉ ခုနှစ် မတ်လ ၌ နိုင်ဂျီးရီးယား နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် အဆောက်အဦး ပြိုကျမှု ၌ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

အဘူဂျာ ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား အစိုးရ အရာရှိ တစ်ဦး ၏ ပြောကြားချက် အရ နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ် တွင် ဇူလိုင် ၁၅ ရက် ၌ အဆောက်အဦ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လက်ရှိချိန်ထိ လူ ၁၄ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

နိုင်ဂျီးရီးယား နိုင်ငံ အမျိုးသား အရေးပေါ် ကိစ္စရပ် စီမံခန့်ခွဲရေး ဌာန တာဝန်ရှိသူ က Jos မြို့ မြောက်ပိုင်း ရှိ နှစ်ထပ်တိုက် တစ်လုံး က ဇူလိုင် ၁၅ ရက် ညပိုင်း အချိန် ၌ ပြိုကျမှု ဖြစ်ပွား ခဲ့ရာ ကယ်ဆယ်ရေး အဖွဲ့ ရောက်ရှိချိန်တွင် သေဆုံးနေသည့် ရုပ်အလောင်း ၁၄ လောင်း ရှာဖွေ တွေ့ရှိခဲ့ကြောင်း ၊ ကယ်ဆယ်ရေး အဖွဲ့ မှ လူ ၁၀ ဦး ကျော် အား ကယ်ဆယ် နိုင်ခဲ့ပြီး ၎င်းတို့ အနက် ၄ ဦး က ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ လက်ရှိချိန် တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များ အရ နိုင်ဂျီးရီးယား နိုင်ငံ သက်ဆိုင်ရာ အစိုးရ ဌာန မှ အဆောက်အဦ ပြိုကျမှု နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ တွင် လည်း နိုင်ဂျီးရီးယား နိုင်ငံ Lagos မြို့ရှိ မူလတန်းကျောင်း တစ်ကျောင်း ပြိုကျမှု ဖြစ်ပွား ခဲ့ရာ လူပေါင်း ၁၈ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။(Xinhua)