ရီယိုဒီဂျန်နေးရို၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ အရှေ့မြောက်ပိုင်း ရှိ လေဆိပ်တစ်ခုတွင် ရဲတပ်ဖွဲ့ နှင့် ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ဦးသေဆုံးခဲ့ကြောင်း ဖယ်ဒရယ်ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
Vladivostok ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အမေရိကန်က ပိုလန်တွင် အမြဲတမ်းစစ်အခြေစိုက်စခန်းထားရှိခြင်းသည် ရုရှားကို ဦးတည်သည့် လုပ်ဆောင်မှု ဖြစ်သောကြောင့် ရုရှား၏လုံခြုံရေးကို ထိခိုက်စေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Alexander Grushko သည် စက်တင်ဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
နယူးယောက်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ညွှန်ကြားရေးမှူးချုပ် Christine Lagarde နှင့် စက်တင်ဘာ ၂၆ ရက်တွင် တွေ့ဆုံခဲ့ပြီး နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ...
နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ) အီရန်အပေါ် ပိတ်ဆို့မှုများကို ဥရောပသမဂ္ဂ(အီးယူ)က ရှောင်လွှဲ လုပ်ဆောင်နေခြင်းသည် လက်မခံ နိုင်စရာ ဖြစ်သည်ဟု အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mike Pompeoက စက်တင်ဘာ ၂၅ ရက် တွင် ပြောကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistsn ပြည်နယ် တွင်ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ဆင်ရေးတစ်ခု၌ အနည်းဆုံး စစ်သား ၂ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ် က စက်တင်ဘာ ၂၇ ရက် တွင် ပြောကြားခဲ့သည်။
မိုဂါဒစ်ရှူး၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ဆိုမာလီနိုင်ငံ Puntland ပြည်နယ် စစ်ခုံရုံး သည် စက်တင်ဘာ ၂၆ ရက်တွင် ပြစ်မှုထင်ရှားသော စစ်သွေးကြွ ၃ဦးအား သေဒဏ်ပေးခဲ့ပြီး အခြား ၃ဦးအား တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးယောက် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo က အောက်တိုဘာလ တွင် မြောက်ကိုရီးယား နိုင်ငံ သို့ သွားရောက်လည်ပတ်မည် ဖြစ်ပြီး အမေရိကန်-မြောက်ကိုရီးယား နှစ်နိုင်ငံ ခေါင်းဆောင်များ စင်ကာပူ တွေ့ဆုံဆွေးနွေးမှု တွင် ကတိပြုခဲ့သည့်...
ဂျေရုစလမ် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘင်ဂျမန်နက်တန်ယာဟုသည် အစ္စရေးနိုင်ငံအနေဖြင့် အီရန်နိုင်ငံအား ဆန့်ကျင်မှု ဆက်လက်လုပ်ဆောင်သွားရန်စက်တင်ဘာ ၂၆ ရက်က သန္နိဌာန်ချမှတ်ခဲ့ကြောင်း ဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရသည်။
ဒါကာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ် US-Bangla လေကြောင်းလိုင်းမှ ပြည်တွင်းလေကြောင်းလိုင်းခရီးစဉ်တစ်ခုသည် ခရီးသည် ၆၄ ဦးနှင့် လေယာဉ်ဝန်ထမ်း ၇ ဦးဖြင့် ထွက်ခွာသွားခဲ့ပြီး လေယာဉ်ဘီးချို့ယွင်းမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ဘက်ရှိ လေဆိပ်တစ်ခုတွင် အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း တာဝန်ရှိသူများက စက်တင်ဘာလ ၂၆ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံ သမ္မတ နီကိုးလပ်စ် မာဒူရို (Nicolas Maduro) ၏ ဇနီးနှင့် အခြားသော အစိုးရပိုင်းဆိုင်ရာ အဓိက ခေါင်းဆောင်များပါဝင်သည့် “အတွင်းစည်း” တွင် ပါဝင်သူများအား စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၅...