Connect with us

Eastern Europe

သမ္မတပူတင်က စီးပွားရေးတန်ပြန်ပိတ်ဆို့မှု တစ်နှစ်သက်တမ်းတိုးရန် လက်မှတ်ရေးထိုး

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်အားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်က အနောက်နိုင်ငံများအပေါ် စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုအား ၂ဝ၂ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းအထိ ဆက်လက်ပြုလုပ်သွားရန် နောက်ထပ်တစ်နှစ်သက်တမ်းတိုးမည့် အမိန့်တစ်ရပ်ကို ဇွန် ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

အဆိုပါ အမိန့်ကို ရုရှားနိုင်ငံအစိုးရတရားဝင်အင်တာနက်ဝက်ဆိုက်ပေါ်တွင် ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံသည် ၂ဝ၁၄ ခုနှစ်ကတည်းက တန်ပြန်စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး ယင်းအမိန့်အရ အမေရိကန် ၊ နော်ဝေ ၊ သြစတြေးလျ နှင့် ကနေဒါ နိုင်ငံများအပါအဝင် ဥရောပသမဂ္ဂ နှင့် နိုင်ငံများမှ တင်သွင်းလာသော ကုန်ကြမ်းကုန်ချောအမျိုးမျိုး နှင့် စားသောက်ကုန်စည်များအပေါ် ပိတ်ပင်တားမြစ်မှုများပြုလုပ်ခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ရုရှားနိုင်ငံသည် အယ်ဘေးနီးယား ၊ မွန်တီနီဂရိုး ၊ အိုက်စလန် ၊ လီချန်စတိန်း နှင့် ယူကရိန်း နိုင်ငံများအား အဆိုပါ စာရင်းထဲသို့ဖြည့်စွက် ထည့်သွင်းခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအရှေ့တောင်ပိုင်းပဋိပက္ခများ နှင့် ခရိုင်းမီးယားအရေးကိစ္စရပ်များတွင် ရုရှားက ပါဝင်ပတ်သက်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များဖြင့် အနောက်နိုင်ငံအချို့သည် ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ရာ ယင်းလုပ်ဆောင်ချက်အပေါ် ရုရှားနိုင်ငံက လက်တုံ့ပြန်သည့်အနေဖြင့် စီးပွားရေးတန်ပြန်ပိတ်ဆိုမှုများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ရုရှားနိုင်ငံက တန်ပြန်ချမှတ်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုမှာ ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.