Connect with us

Asia

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၌ ရထား တိမ်းမှောက်မှုကြောင့် လူ ၄ ဦး သေဆုံး ၊ ၁၀၀ ကျော် ဒဏ်ရာရ

ရထား တိမ်းမှောက်မှု ဖြစ်စဉ်အား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဒါကာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

\

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရထား တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ယနေ့ပြောကြားခဲ့သည်။ရထား တိမ်းမှောက်မှုသည် မြို့တော် ဒါကာ မှ ၂၀၃ ကီလိုမီတာ ကွာဝေးသော Moulvibazar ခရိုင်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် ဇွန် ၂၃ ရက် ညပိုင်း ဒေသ စံတော်ချိန် ၁၁ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံ မီးသတ်ဌာနမှ အရာရှိ တစ်ဦး ဖြစ်သူ Nurun Nabi က ဆင်ဟွာသို့ပြောကြားခဲ့သည်။ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အရှေ့မြောက်ဘက် Sylhet မြို့မှ ဒက်ကာမြို့သို့ဦးတည် သွားနေသော ရထားသည် တူးမြောင်း တစ်ခု အပေါ် ဖြတ်သန်း မောင်းနှင်စဉ် ရထားတွဲ နှစ်တွဲ လမ်းချော်၍ တူးမြောင်းအောက်သို့ ပြုတ်ကျသွားခဲ့ကြောင်း အရာရှိ၏ ပြောကြားချက် အရ သိရသည်။အခင်းဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီး သေဆုံးသူ အရေအတွက်မှာ မြင့်တက်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။အဆိုပါ ရထား တိမ်းမှောက်မှု ဖြစ်ပွားရခြင်း အကြောင်းအရာကို စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117