Connect with us

Asia

ပါကစ္စတန်နိုင်ငံ သေနတ်ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံး

ပါကစ္စတန်နိုင်ငံတွင် မေလက ရဲကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် နောင်းရှီရာခရိုင်တွင် ရဲကားတစ်စီးအား အမည်မသိစစ်သွေးကြွများက သေနတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး အခြားလူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာက ဇွန်လ ၂၅ ရက်ညနေပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

Khyber Pakhtunkhwa ပြည်နယ်တွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့၏ ကင်းလှည့်ရာလမ်းကြောင်းပေါ်တွင် ရဲကားဖြင့် ကင်းလှည့်နေစဉ် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများကဆိုသည်။

ဒဏ်ရာရသည့်ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်မြို့တော်ဖြစ်သော ပက်ရှ်ဝါရှိ Lady Reading ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ အဆိုအရ ဒဏ်ရာရသူများအနက် ၂ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိသဖြင့် သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိကြောင်း သိရသည်။

တိုက်ခိုက်မှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ သို့မဟုတ် တစ်ဦးတစ်ယောက်ကမျှ တာဝန်ယူပြောကြားထားခြင်း မရှိသေးပေ။

ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ပွားရာနေရာအား စုံစမ်းစစ်ဆေးရန် ဖြတ်သန်းသွားလာခွင့် ပိတ်ထားလိုက်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.