Connect with us

Asia

ထိုင်းနိုင်ငံက အာဆီယံ ၏ လျှပ်စစ်ဓာတ်အား အချက်အချာ ဖြစ်လာရန် ရည်မှန်း

ထိုင်းနိုင်ငံရှိ လျှပ်စစ် ဓာတ်အား ဖြန့် ဖြူးရေးလိုင်းများအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဘန်ကောက် ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံသည် အာဆီယံ ဒေသ အတွင်း လျှပ်စစ် ဓာတ်အား အချက်အချာ ဖြစ်လာရန် ရည်မှန်းထားကြောင်း ဇွန် ၂၄ ရက်တွင် ရှင်းလင်းခဲ့ကြောင်း သိရသည်။

ဘန်ကောက်မြို့၌ ၃၇ ကြိမ်မြောက် စွမ်းအင် ဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေး (SOME)အား ကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ စွမ်းအင် ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် Kulis Sombatsiri က ထိုင်းနိုင်ငံက ဒေသတွင်း လျှပ်စစ် ဓာတ်အား အချက်အချာ ဖြစ်လာရန် လာအိုနိုင်ငံမှ ရေအားလျှပ်စစ် အရင်းအမြစ်များဖြင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလိုင်းများ တိုးချဲ့ဆောင်ရွက်နေပြီး မလေးရှား ၊ ကမ္ဘောဒီးယား နှင့် မြန်မာ နိုင်ငံသို့ရောင်းချသွားမည် ဖြစ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။

၃၇ ကြိမ်မြောက် စွမ်းအင် ဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေးအား “မိတ်ဖက် နှင့် တီထွင် ဆန်းသစ်မှု များမှ တစ်ဆင့် စွမ်းအင် ကူးပြောင်း တိုးတက်ခြင်း” ခေါင်းစဉ် အောက်တွင် ကျင်းပခဲ့ပြီး အာဆီယံဒေသတွင်း လျှပ်စစ် ဓာတ်အား ကုန်သွယ်မှု ကိစ္စများ နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အာဆီယံ ၁၀ နိုင်ငံမှ ကိုယ်စားလှယ်များ နှင့် နိုင်ငံတကာ စွမ်းအင် အေဂျင်စီများ နှင့် နိုင်ငံတကာ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် အေဂျင်စီများကဲ့သို့နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ စွမ်းအင် ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် Kulis Sombatsiri က အာဆီယံ ဒေသတွင် လျှပ်စစ်ဓာတ်အား ရရှိစေရေး အာမခံနိုင်မည့် နည်းလမ်းများ ရှာရန် အာဆီယံ နိုင်ငံများ နှင့် ဆွေးနွေးခဲ့ကြောင်း ပြောကြားခဲ့သည်။

အာဆီယံ ဒေသတွင်းရှိ ပြည်သူများအား လုံလောက်သော လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး အတွက် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလိုင်းသစ်များ တပ်ဆင်ရန် လိုအပ်ကြောင်း ၊ အခြား အရင်းအမြစ်များ ဖြစ်သည့် နေ ၊ လေ နှင့် ဇီဝလောင်စာ စွမ်းအင် အပါအဝင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များသည် လျှပ်စစ် ဓာတ်အား ထောက်ပံ့ပေးနိုင်သည့် အခြား ရွေးချယ်စရာများ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သဘာ၀ ဓာတ်ငွေ့နှင့် ပတ်သက်၍ အာဆီယံ အဖွဲ့ဝင် နိုင်ငံများသည် လက်ရှိ တစ်နှစ်လျှင် တန်ချိန် ၁၀ သန်း မှ ၂၀၃၅ ခုနှစ်တွင် တန်ချိန် ၆၀ သန်း အထိ အာဆီယံ ဒေသတွင် စွမ်းအင် လိုအပ်ချက်ကို တိုးတက်လာစေရေး ထောက်ပံ့ရန် သယ်ယူပို့ဆောင်ရေး ပိုက်လိုင်းစနစ် နှင့် သိုလှောင်ရုံများအား ထူထောင်ရန် သဘောတူ ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ဆွေးနွေးမှုများအား စက်တင်ဘာ ၂ ရက် နှင့် ၃ ရက် တို့တွင် ပြုလုပ်မည့် အာဆီယံ စွမ်းအင် ဆိုင်ရာ ဝန်ကြီးများ အဆင့် အစည်းအဝေးတွင် တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ ဥက္ကဋ္ဌ ဖြစ်သည့် ထိုင်းနိုင်ငံသည် လျှပ်စစ် ၊ စွမ်းအင် အကျိုးသက်ရောက်မှု ၊ ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် နှင့် သဘာ၀ ဓာတ်ငွေ့ တို့နှင့် ဆက်စပ်နေသော မူဝါဒများ ချမှတ်နိုင်ရေးကို တွန်းအားပေးနေကြောင်း သိရသည်။

ဘန်ကောက်မြို့၌ ဇွန် ၂၄ ရက်မှ ၂၈ ရက် အထိ ကျင်းပမည့် အာဆီယံ စွမ်းအင် ဆိုင်ရာ အဆင့်မြင့် အရာရှိများ အစည်းအဝေးတွင် အာဆီယံ ဒေသ အတွင်း ရုပ်ကြွင်းလောင်စာမှ ထုတ်ယူ ရရှိသော စွမ်းအင်မှသည် ပတ်ဝန်းကျင် ထိခိုက်မှု မရှိသော သန့်စင်သည့် စွမ်းအင်သို့ပြောင်းလဲအသုံးပြုရေး ဦးတည်ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.