Connect with us

Asia

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၇.၄ အဆင့် ငလျင်လှုပ်ခတ်

ငလျင်တိုင်းတာမှုပြ ပုံစံတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဂျာကာတာ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ် အနီးပင်လယ်ပြင်တွင် ဇွန် ၂၄ ရက် နံနက်ပိုင်းက ပြင်းအား ၇.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ လက်ရှိတွင် သေဆုံးဒဏ်ရာရသူနှင့် ပျက်စီးဆုံးရှုံးမှုစာရင်း မထွက်ရှိသေးကြောင်း သိရသည်။

အဆိုပါငလျင်မှာ ဂျကာတာ စံတော်ချိန် ၉ နာရီ ၅၃ မိနစ်(ပေကျင်းစံတော်ချိန် ၁၀နာရီ ၅၃ မိနစ်)ခန့်တွင် မာလူကူပြည်နယ်Saumlaki မြို့ အနောက်မြောက်ဘက် ၂၈၉ ကီလိုမီတာ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အနက်မှာ ၂၂၀ ကီလိုမီတာခန့် ရှိကြောင်း အင်ဒိုနီးရှား မိုးလေဝသ၊ရာသီဥတုနှင့်ဘူမိရူပ အေဂျင်စီ (BMKG)၏ သတင်းများအရ သိရသည်။

BMKG က ငလျင်နှင့်စပ်လျဉ်းသည့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ခြင်းမရှိသော်လည်း ဒေသခံများကို စိတ်အေးအေးဖြင့်နေကြရန် သတိပေးထားကြောင်း သိရသည်။ အမေရိကန် ဘူမိတိုင်းတားရေးဌာန(USGS)၏ ငလျင်ဝက်ဘ်ဆိုက် သတင်းများအရ ယခုလှုပ်ခတ်ခဲ့သည့်ငလျင်မှာ ပြင်းအား ၇.၃ အဆင့်ရှိပြီး အနက် ၂၀၈.၃ ကီလိုမီတာရှိကြောင်း သိရသည်။

အင်ဒိုနီးရှားသည် ပစိဖိတ်သမုဒ္ဒရာ ငလျင်ကြောတွင် တည်ရှိရာ နှစ်စဉ် ငလျင်ကြီးငလျင်ငယ် အကြိမ် ထောင်နှင့်ချီလှုပ်ခတ်လေ့ရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလက အင်ဒိုနီးရှားနိုင်ငံ Central Sulawesiပြည်နယ် Donggalaတွင် ပြင်းအား ၇.၄ အဆင့် ငလျင်လှုပ်ခတ်ခဲ့ရာ ငလျင်နှင့် ငလျင်ကြောင့် ဖြစ်ပွားသော ဆူနာမီကြောင့် လူ ၂၀၀၀ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117