နယူးယောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် က အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယား နိုင်ငံ အမြင့်ဆုံး ခေါင်းဆောင် ကင်ဂျုံအမ်း တို့ က ယခုနှစ် မကုန်မီ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖွယ်ရှိကြောင်း...
နယူးဒေလီ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့တွင် စက်တင်ဘာ ၂၆ ရက်က လူနေအိမ် အဆောက်အအုံ တစ်လုံး ပြိုကျခဲ့ရာ အနည်းဆုံး ကလေးငယ် ၂ဦးသေဆုံးပြီး လူ ၇ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကဘူးလ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Kunar ပြည်နယ် တွင် လေကြောင်းတိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် အနည်းဆုံး ISစစ်သွေးကြွအဖွဲ့ခွဲမှ စစ်သွေးကြွ ၁၄ဦးသေဆုံးခဲ့ကြောင်း နိုင်ငံ၏ ကာကွယ်ရေးဝန်ကြီးဌာန က စက်တင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
ကုလသမဂ္ဂ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော် ကောင်စီဝင် ၊ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိသည် နယူးယောက်မြို့ တွင် ကုလသမဂ္ဂ အစည်းအဝေး တက်ရောက်စဉ်အတွင်း စက်တင်ဘာ ၂၅ ရက်နေ့ ၌ စပိန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး Josep Borrell...
ကိုင်ရို၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်တွင် ရှေးဟောင်းအဆောက်အအုံကြီးတစ်ခုအား အီဂျစ် ရှေးဟောင်း သုတေသနပညာရှင်များက တွေ့ရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ရှေးဟောင်းသုတေသနဝန်ကြီးဌာနက စက်တင်ဘာလ ၂၄ ရက်က ပြောကြားခဲ့သည်။
ရှီဘာဂန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ် Faizabad ခရိုင် တွင် စက်တင်ဘာ ၂၅ ရက်က တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် နှင့် စစ်သွေးကြွများစွာ သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ ဒုရဲချုပ် Abdul Hafiz Khashi က...
ဘန်ကောက်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ Phraya Tham Voraviharn ဘုရားကျောင်းအား ပြုပြင်ထိန်းသိမ်းမှု ပြုလုပ်နေစဉ် စက်တင်ဘာလ ၂၅ ရက်က ပြိုကျမှုကြောင့် လူ ၁ ဦးသေဆုံးပြီး အခြားသူ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Erawan Rescue...
ရာဘတ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) မော်ရိုကို ရေတပ်သည် တရားမဝင်ရွှေ့ပြောင်းသွားလာသူများ လိုက်ပါလာသည့် လှေတစ်စင်းအား စက်တင်ဘာ ၂၅ ရက်က ပစ်ခတ်ခဲ့ရာ လူ ၄ဦး ဒဏ်ရာရရှိခဲ့ကြောင်း မော်ရိုကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။
တူးနစ်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) တူနီးရှားနိုင်ငံ အနောက်ပိုင်း Kasserine ပြည်နယ် ရှိ စစ်တပ်ဧရိယာတစ်ခုတွင် စက်တင်ဘာ ၂၄ ရက် နှောင်းပိုင်းက အကြမ်းဖက်သမားများ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ရာ အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း တူနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ ရက်တွင်ပြောကြားခဲ့သည်။
အာဘူဂျာ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ) လွန်ခဲ့သည့် နှစ်ရက်က နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့သည် အရှေ့မြောက်ပိုင်းဒေသတွင် နယ်မြေ ရှင်းလင်းရေးများလုပ်ဆောင်ခဲ့ရာ ဘိုကိုဟာရမ် လက်နက်ကိုင် ၁၄ ဦးအား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ဓါးစာခံ ၁၄၆ ဦးအား အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Texas Chukwu က...